• Follow Us on

Home သီရိလင်္ကာနိုင်ငံရှိ မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များ ပညာသင်ကြားရာ၌ အဆင်ပြေစေရေးအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

သီရိလင်္ကာနိုင်ငံရှိ မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များ ပညာသင်ကြားရာ၌ အဆင်ပြေစေရေးအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၇

 

သီရိလင်္ကာနိုင်ငံရှိ မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်များ ပညာသင်ကြားရာ၌ အဆင်ပြေစေရေးအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  ပြည်ပဘွဲ့ခံ ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲတံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ Sithulpawwa Rajamaha Viharaya, Galle ကျောင်း တိုက်ဆရာတော် Venarable Metarenba Hemaratana Nayaka Thero နှင့် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီရိလင်္ကာနိုင်ငံ၊ University of Kelaniya ဆရာတော် Director Venerable Medawach chiye Dhammajothi Thero တို့အား ဆရာတော်များ ခေတ္တသီတင်းသုံးလျက်ရှိသည့်နေရာသို့ သွားရောက်ဖူး မြော်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“သီရိလင်္ကာနိုင်ငံမှာ မြန်မာနိုင်ငံမှ စာသင်သားသံဃာတော်တွေ ပညာသင်ကြားရာမှာ အဆင်ပြေစေဖို့အတွက် ကျွန်တော်အနေနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း သီတဂူ ဗုဒ္ဓတက္ကသိုလ်အပါအဝင် ဗုဒ္ဓတက္ကသိုလ်တွေ ဖွင့်လှစ်ထားရှိပြီး ဥရောပနိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေက စာသင်သံဃာ တော်တွေနဲ့ သီလရှင်တွေလည်း လာရောက်သင်ကြားလျက်ရှိပါတယ်။ ဒီလို သာသနာရေး ဆိုင်ရာ ပညာရပ်တွေကို သင်ကြားနိုင်ဖို့အတွက် နိုင်ငံအသီးသီးရှိ ဆရာတော်ကြီးတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှု ဟာ ထေရဝါဒဗုဒ္ဓ သာသနာပြန့်ပွားမှုကို များစွာအထောက်အကူပြုစေပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လျှောက်ထားသည်။

 

အလားတူ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကိုလည်း ထုဆစ်တည်ဆောက်လျက်ရှိပြီး ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေခြင်းမှာ ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လျှောက်ထားခဲ့သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင်အား ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post