• Follow Us on

Home သုံးလနှင့်အထက် မီတာခ မပေးဆောင်သော မြို့နယ်များရှိ နေအိမ်များကို ဓာတ်အားဖြတ်တောက်မည့်အပြင် မီတာ ဖြုတ်သိမ်းမည်

သုံးလနှင့်အထက် မီတာခ မပေးဆောင်သော မြို့နယ်များရှိ နေအိမ်များကို ဓာတ်အားဖြတ်တောက်မည့်အပြင် မီတာ ဖြုတ်သိမ်းမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၄ (People Media)

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ (၃) လနှင့်အထက် လျှပ်စစ်ဓာတ်အား ပေးဆောင်ခြင်းမရှိသော နေအိမ်များကို လျှပ်စစ်ဓာတ် အား ဖြတ်တောက်သွားမည့်အပြင် မီတာများ ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံး များက ထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်၌ မီးသုံးသူများအနေဖြင့် ဓာတ်အားခများအား သတ်မှတ်ရက် နောက်ဆုံးထာ၍ ဌာနသို့ အပြည့်အဝ ပေးဆောင်မှသာ ဓာတ်အားစဉ်ဆက်မပြတ်ထုတ်လိုက်နိုင်မည်ဖြစ်ပါသဖြင့် မပျက်မကွက် ပေး ဆောင်ရန်ကြပါရန်နှင့် (၃)လအထက် ဓာတ်အားခပေးဆောင်ခြင်းမရှိပါက ဓာတ်အားဖြတ်တောက်မည့်အပြင် လုပ်ထုံးလုပ်နည်းနဲ့ အညီ တပ်ဆင်ထားသော မီတာအားဖြုတ်သိမ်းခံရမည်ဖြစ်သည့်အတွက် မပျက်ကွက် ပေးဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့်ကာလ၌ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များကို ပေးဆောင်ရန် သက်ဆိုင်ရာ လျှပ်စစ်ရုံးများက တိုက် တွန်းမှုများပြလုပ်ခဲ့ပြီးနောက် ပေးဆောင်ခြင်းမရှိသည့် နေအိမ်များကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီကာလ၌ မီး ဖြတ်တောက်မှု ပြုလုပ်ခဲ့သည်။

 

#PeopleMedia #YESC #မီတာခ #မီးဖြတ်

 

(unicode)


……………………………………………………………..

 


 


 


 


 



Share this post