• Follow Us on

Home ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များတွင် တပ်ဆင်ထားသော တရားမဝင် ဂြိုလ်တုစလောင်းများကို ဖြုတ်သိမ်းပြီး အပ်နှံရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားထား၊ မလိုက်နာလျှင် တည်ဆဲဥပဒေအရ ထိ ရောက်စွာ အရေးယူမည်ဟုဆို

ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များတွင် တပ်ဆင်ထားသော တရားမဝင် ဂြိုလ်တုစလောင်းများကို ဖြုတ်သိမ်းပြီး အပ်နှံရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားထား၊ မလိုက်နာလျှင် တည်ဆဲဥပဒေအရ ထိ ရောက်စွာ အရေးယူမည်ဟုဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၃ (People Media)

 

ဟိုတယ်၊ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများတွင် တပ်ဆင်ထားလျက်ရှိသော ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက် လာသည့် ဂြိုလ်တုစလောင်းများကို ဖြုတ်သိမ်းပြီး အပ်နှံရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၂ တွင် ညွှန်ကြားထားကြောင်း သိရပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် မိုတယ်လုပ်ငန်းရှင်တစ်ဦးက “ထိုင်းဂြိုလ်တုစလောင်းတွေမှာ န-စ-ကမှ ပိတ်ပင်ထားတဲ့ မီဒီယာများရဲ့ ရုပ်သံလိုင်းများထုတ်လွှင့်လျှက်ရှိတယ်။ ဒါကို ပိတ်ပင်ချင်လို့ ယခုကဲ့သို့ ညွှန်ကြားတယ်လို့ နား လည်ကြောင်း” ပြောပါတယ်။

 

အဆိုပါကဲ့သို့ အကြောင်းကြားစာတွင် ခရီးသွားလုပ်ငန်းများ၊ ဧည်လမ်းညွှန်ဝန်ဆောင်မှုများ၊ ဟိုတယ်လုပ်ငန်း များအနေဖြင့် ဆောင်ရွက်ရာတွင် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ဝန်ဆောင်မှုများပေးရန် ညွှန်ကြားထား ခြင်းရှိသည့်အတွက် အထက်ပါ စက်များကို ဒီဇင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးအပ်နှံရမည်ဖြစ်ကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက အတည်ပြုပါတယ်။

 

“စာညွှန်ကြားတာကတော့ ဟုတ်ပါတယ်။ ဟိုတယ်လုပ်ငန်းတွေမှာက အဲ့ဒီလိုစက်တွေရှိတာက နည်းပါတယ်။ တချို့ကလည်း တပ်ဆင်ထားတာကရှိတာပေါ့လေ အများစုက မတပ်ကြပါဘူး ဘာကြောင့် ဒီလိုစာထုတ်တာ လည်းဆိုတာကတော့ မသိဘူး” ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက အတည်ပြုပါတယ်။

 

အထက်ပါကဲ့သို့ အပ်နှံရာတွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ဟိုတယ်များအနေဖြင့် မိမိတို့သက်ဆိုင်သည့် ခရိုင်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အပ်နှံရမည်ဖြစ်ပြီး အပ်နှံခြင်းမရှိပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါရှိပါတယ်။

 

အဆိုပါကဲ့သို့ တရားမဝင်ဂြိုလ်တုစလောင်းများကို ရပ်ကွက်/ကျေးရွာများတွင် တပ်ဆင်ခြင်းမပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားမှုများ ပြုလုပ်ထားပြီးဖြစ်ပါတယ်။

 

#PeopleMedia #ဟိုတယ် #ဂြိုလ်တု

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 



Share this post