• Follow Us on

Home ဟိုပင်မြို့တွင် အမည်မသိလက်နက်ကိုင်နှစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအား သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံး

ဟိုပင်မြို့တွင် အမည်မသိလက်နက်ကိုင်နှစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအား သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံး

Share this post

ဟိုပင်၊ ဇူလိုင် ၁၀(PeopleMedia)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက် သီရိစေတနာလမ်း ရွေညောင်ပင်ဈေးအနီးတွင် ယနေ့ ဇူလိုင် ၁၀ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က အမည်မသိ ဆိုင်ကယ်စီးနှင်းလာသူနှစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအား သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးရေခဲ(ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး၊ နယ်မြေ(၂)ရာအိမ်မှူး)နှင့် ဦးချမ်းမြေ့ဦးတို့သည် စက်ကုန်း အ.ထ.က တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျောင်းတွင် ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ဆိုင်ကယ်ဦးထုပ်ကိုယ်စီဖြင့် လူနှစ်ယောက်စီးလာသော ဆိုင်ကယ်တစ်စီးမှာ နောက်မှရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးရေခဲမှာ ရင်ညွန့်နှင့် လက်ပြင်ဝဲဘက်တို့တွင် ဒါဏ်ရာရရှိကာ သေနတ်ဒါဏ်ရာကြောင့် သေဆုံးသွားပြီး ဦးချမ်းမြေ့ဦးမှာ ဝဲဘက်လက်မောင်းမှ ဖောက်ထွက်ပြီး နံရိုးအောက်သို့ဖောက်ဝင်ဒါဏ်ရာ တစ်ချက် ရရှိခဲ့သည်။

ယင်းဖြစ်ပွားရာနေရာအနီးမှ AUSA9MMLUGER တံဆိပ်ပါ ကျည်ခွံ(၃)ခုကို သိမ်းဆည်းရမိခဲ့သည်။

ဒါဏ်ရာရရှိသူဦးချမ်းမြေ့ဦး နှင့် သေဆုံးသူဦးရေခဲ တို့အား ဟိုပင် ပြည်သူ့ဆေးရုံသို့ ဟိုပင်လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ပေးထားပြီး သက်ဆိုင်ရာမှ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြတ်မင်း
#PeopleMedia
#EPN #ကချင်ပြည်နယ် #ဟိုပင်မြို့ #မှုခင်း


Share this post