• Follow Us on

Home အဂတိလိုက္စားမႈျပႆနာမ်ားကို အစိုးရအေနျဖင့္ စိတ္ဆႏၵျပင္းျပစြာျဖင့္ကိုင္တြယ္ေျဖရွင္းေပးခဲ့ေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ေျပာၾကား

အဂတိလိုက္စားမႈျပႆနာမ်ားကို အစိုးရအေနျဖင့္ စိတ္ဆႏၵျပင္းျပစြာျဖင့္ကိုင္တြယ္ေျဖရွင္းေပးခဲ့ေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၆

အဂတိလိုက္စားမႈျပႆနာမ်ားကို အစိုးရအေနျဖင့္ စိတ္ဆႏၵျပင္းျပစြာျဖင့္ကိုင္တြယ္ေျဖရွင္းေပးခဲ့ေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္ေျပာၾကားလိုက္သည္။

ေနျပည္ေတာ္၌ ၾသဂုတ္လ ၅ ရက္က်င္းပသည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္႐ုံးသစ္ အေ ဆာက္အအုံဖြင့္ပြဲအခမ္းအနားတြင္ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေနာင္အစိုးရအဆက္ဆက္တြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးကိုအရွိန္အဟုန္မပ်က္ေစရန္အတြက္ အမ်ိဳးသားအဆင့္အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ မဟာဗ်ဴေရးဆြဲႏိုင္ရန္ ေကာ္မရွင္ရဲ႕ ႀကဳိးပမ္းအားထုတ္မႈမ်ားကိုလည္းအားေပးပါတယ္။ ျမန္မာႏိုင္ငံတစ္၀န္းမွာ ႏွစ္ကာလၾကာရွည္စြာ အျမစ္တြ ယ္ရွင္သန္ေနတဲ့အဂတိလိုက္စားမႈျပႆနာမ်ားကို ကြ်န္ေတာ္တို႔အစိုးရအေနနဲ႔ ႏိုင္ငံေရးစိတ္ဆႏၵျပင္း ျပစြာျဖင့္ကိုင္တြယ္ေျဖရွင္းေပးေနစဥ္ အခုလိုအေဆာက္အအုံသစ္ႀကီးကိုဖြင့္လွစ္ေပးႏိုင္ခဲ့တာဟာ ျမန္မာႏိုင္ငံရဲ႕ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးသမိုင္းမွာ မွတ္တိုင္တစ္ခုျဖစ္လာမယ္လို႔ယုံၾကည္ပါတယ္’’ဟု ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီအစိုးရလက္ထက္တြင္ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္ ဦးဟန္ထူးအားလည္း ေကာင္း၊ တနသၤာရီတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္အားလည္းေကာင္း အဂတိလိုက္စားမႈ ဥပေဒျဖင့္ အေရးယူခဲ့မႈတို႔ရွိသည္။

“အဂတိလိုက္စားမႈဟာ ႏိုင္င့ေတာ္ဖြံျဖဳိးတိုးတက္ေရးအတြက္ အဓိကက်တဲ့ ခလုတ္တံသင္းတစ္ခုျဖစ္ပါတယ္’’ ဟု ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္ကထပ္မံေျပာသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ အမ်ားစုတိုင္စာမွာ ႏိုင္ငံ၀န္ထမ္းမ်ားကိုတိုင္ၾကားစာျဖစ္ၿပီး အခ်ိဳ႕စာမ်ားမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ႏွင့္ မသက္ဆိုင္ေသာေၾကာင့္ သက္ဆိုင္ရာဌာန မ်ားသို႔လႊဲေပးခဲ့ရေၾကာင္း ေကာ္မရွင္ကသိရသည္။

#PeopleMedia #ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္ #အဂတိ

(unicode)
အဂတိလိုက်စားမှုပြဿနာများကို အစိုးရအနေဖြင့် စိတ်ဆန္ဒပြင်းပြစွာဖြင့်ကိုင်တွယ်ဖြေရှင်းပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြောကြား
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၆

အဂတိလိုက်စားမှုပြဿနာများကို အစိုးရအနေဖြင့် စိတ်ဆန္ဒပြင်းပြစွာဖြင့်ကိုင်တွယ်ဖြေရှင်းပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြောကြားလိုက်သည်။

နေပြည်တော်၌ ဩဂုတ်လ ၅ ရက်ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အ ေဆာက်အအုံဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“နောင်အစိုးရအဆက်ဆက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအရှိန်အဟုန်မပျက်စေရန်အတွက် အမျိုးသားအဆင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မဟာဗျူရေးဆွဲနိုင်ရန် ကော်မရှင်ရဲ့ ကြိုးပမ်းအားထုတ်မှုများကိုလည်းအားပေးပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်ကာလကြာရှည်စွာ အမြစ်တွ ယ်ရှင်သန်နေတဲ့အဂတိလိုက်စားမှုပြဿနာများကို ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေးစိတ်ဆန္ဒပြင်း ပြစွာဖြင့်ကိုင်တွယ်ဖြေရှင်းပေးနေစဉ် အခုလိုအဆောက်အအုံသစ်ကြီးကိုဖွင့်လှစ်ပေးနိုင်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်လာမယ်လို့ယုံကြည်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက်တွင် ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးအားလည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အားလည်းကောင်း အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူခဲ့မှုတို့ရှိသည်။

“အဂတိလိုက်စားမှုဟာ နိုင်င့တော်ဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ ခလုတ်တံသင်းတစ်ခုဖြစ်ပါတယ်’’ ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကထပ်မံပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အများစုတိုင်စာမှာ နိုင်ငံဝန်ထမ်းများကိုတိုင်ကြားစာဖြစ်ပြီး အချို့စာများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မသက်ဆိုင်သောကြောင့် သက်ဆိုင်ရာဌာန များသို့လွှဲပေးခဲ့ရကြောင်း ကော်မရှင်ကသိရသည်။

#PeopleMedia #နိုင်ငံတော်သမ္မတဦးဝင်းမြင့် #အဂတိ


Share this post