• Follow Us on

Home အစၥေရးကို လက္ဘႏြန္က တိုက္ခိုက္ရန္ အီရန္၏ ၿခိမ္းေျခာက္မႈကို လက္ဘႏြန္ကာကြယ္ေရး၀န္ႀကီး ကန္႔ကြက္

အစၥေရးကို လက္ဘႏြန္က တိုက္ခိုက္ရန္ အီရန္၏ ၿခိမ္းေျခာက္မႈကို လက္ဘႏြန္ကာကြယ္ေရး၀န္ႀကီး ကန္႔ကြက္

Share this post

အစၥေရးကို လက္ဘႏြန္ကေန တိုက္ခိုက္မယ္လို႔ အီရန္ရဲ႕ ၿခိမ္းေျခာက္မႈကို လက္ဘႏြန္အစိုးရအရာရွိေတြက ကန္႔ကြက္ဆန္႔က်င္ခဲ့ၾကပါတယ္။

အီရန္စစ္တပ္အရာရွိတစ္ဦးက အစၥေရးအေနနဲ႔ အီရန္အေပၚ အမွားအနည္းငယ္ျပဳလုပ္တာနဲ႔ လက္ဘႏြန္ကေန အစၥေရးကို ျပာျဖစ္ေအာင္လုပ္ေဆာင္သြားမယ္လိ္ု႔ ၿခိမ္းေျခာက္ခဲ့တာျဖစ္ၿပီး အီရန္ႏုိင္ငံအေနနဲ႔ ၄င္းတို႔ ပိုင္ နက္ကေန မစ္ဇိုင္းတစ္စင္းေတာင္ ပစ္စရာမလိုဘူးလို႔လည္း ေျပာၾကားခဲ့ပါတယ္။

အီရန္ရဲ႕ေျပာဆိုမႈဟာ လက္ဘႏြန္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားရာေရာက္တယ္လို႔ လက္ဘ ႏြန္ကာကြယ္ေရး၀န္ႀကီးက တံု႕ျပန္ေျပာၾကားခဲ့ပါတယ္။

အီရန္အေနနဲ႔ ၄င္းတို႔ႏုိင္ငံကို စိတ္ႀကိဳက္ကာကြယ္ပိုင္ခြင့္ရွိေပမယ့္ လက္ဘႏြန္ႏုိင္ငံဟာ အေစာင့္ ေမးလ္ ေဘာက္စ္တစ္ခုမဟုတ္သလို ျပည္ပဇာတ္ေကာင္ေတြရဲ႕ ျပဇာတ္႐ုံလည္း မဟုတ္ဘူးလို႔ လက္ဘႏြန္ကာကြယ္ ေရး၀န္ႀကီးက တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။

Ref; bulgarianmilitary.com

#PeopleMedia

(Unicode)
အစ္စရေးကို လက်ဘနွန်က တိုက်ခိုက်ရန် အီရန်၏ ခြိမ်းခြောက်မှုကို လက်ဘနွန်ကာကွယ်ရေးဝန်ကြီး ကန့်ကွက်
…………………………………………………………

အစ္စရေးကို လက်ဘနွန်ကနေ တိုက်ခိုက်မယ်လို့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို လက်ဘနွန်အစိုးရအရာရှိတွေက ကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်။

အီရန်စစ်တပ်အရာရှိတစ်ဦးက အစ္စရေးအနေနဲ့ အီရန်အပေါ် အမှားအနည်းငယ်ပြုလုပ်တာနဲ့ လက်ဘနွန်ကနေ အစ္စရေးကို ပြာဖြစ်အောင်လုပ်ဆောင်သွားမယ်လိ်ု့ ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး အီရန်နိုင်ငံအနေနဲ့ ၄င်းတို့ ပိုင် နက်ကနေ မစ်ဇိုင်းတစ်စင်းတောင် ပစ်စရာမလိုဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ပြောဆိုမှုဟာ လက်ဘနွန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားရာရောက်တယ်လို့ လက်ဘ နွန်ကာကွယ်ရေးဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အီရန်အနေနဲ့ ၄င်းတို့နိုင်ငံကို စိတ်ကြိုက်ကာကွယ်ပိုင်ခွင့်ရှိပေမယ့် လက်ဘနွန်နိုင်ငံဟာ အစောင့် မေးလ် ဘောက်စ်တစ်ခုမဟုတ်သလို ပြည်ပဇာတ်ကောင်တွေရဲ့ ပြဇာတ်ရုံလည်း မဟုတ်ဘူးလို့ လက်ဘနွန်ကာကွယ် ရေးဝန်ကြီးက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Ref; bulgarianmilitary.com

#PeopleMedia


Share this post