• Follow Us on

Home အစ္စရေးလေတပ်က F-35 တိုက်လေယာဉ်တွေ အီရန်ဒရုန်းတွေကို ပစ်ချ

အစ္စရေးလေတပ်က F-35 တိုက်လေယာဉ်တွေ အီရန်ဒရုန်းတွေကို ပစ်ချ

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

အစ္စရေးလေတပ်က F-35 တိုက်လေယာဉ်တွေက အီရန်ဒရုန်းတွေကို ပါလက်စတိုင်းကိုသွားတဲ့လမ်းကြောင်းမှာ မနှစ်က ပစ်ချခဲ့တယ်လို့ အစ္စရေးလေတပ်က မတ်လ ၇ ရက်နေ့ က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

အစ္စရေး အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တစ်ခုက တတိယမြောက်ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ Shahad 197 မောင်းသူမဲ့လေယာဉ်အုပ်စုတစ်စုဟာ အစ္စရေလေကြောင်းပိုင်နက်အပြင်ဘက်မှာ တွေ့ရှိခဲ့ရ တယ်လို့သိရပြီး ဘယ်နိုင်ငံကဒရုန်းတွေဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

 

ဒရုန်းတွေဟာ ဟားမတ်စ်တွေအတွက် လက်နက်တွေသယ်ဆောင်လာတယ်ဖြစ်တယ်လို့ အစ္စရေးလေတပ်က ပြောဆိုလိုက်ပြီး F-35 လေယာဉ်ကို တပ်ဖြန့်ချထားပြီး လေးနှစ်အကြာမှာ လော့ဟိမာတင်ရဲ့ ပဉ္စမမြောက်မျိုး ဆက်တိုက်လေယာဉ်ရဲ့ ပထမဦးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်မှာ အမှတ် ၁၁၆ လေယာဉ်အုပ်နဲ့ အမှတ် ၁၄၀ လေယာဉ်အုပ်က တိုက်လေယာဉ်နှစ်စင်းပါဝင်ခဲ့ပြီး ဂျူ ဒီယာ၊ ဆာမာရီယာနဲ့ ဂါဇာကမ်းမြောင်သွားတဲ့လမ်းမှာ အဲဒီဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ လေယာဉ်အုပ်စုက တိုက်လေယာဉ်နှစ်စင်း ကျွန်တော်တို့နယ်စပ်ကို ဖြတ်ကျော်ပြီးထွက်သွားပါ တယ်။ ဒရုန်းတွေရဲ့ တပ်တည်ကိုရအောင်ရှာပြီး အမျိုးအစားကို ဖော်ထုတ်ခဲ့တယ်။ ပြီးတော့ အဲဒီဒရုန်းဟာ အီရန်နိုင်ငံက မောင်းသူမဲ့လေယာဉ်ဆိုတာ ဖော်ထုတ်သိရှိခဲ့တယ်။” လို့ အမှတ် ၁၁၆ လေယာဉ်အုပ်မှူးက ပြောပါတယ်။

 

“အဲဒီ မောင်းသူမဲ့လေယာဉ်ကို ပစ်ချဖို့ အမိန့်ရခဲ့တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီလို ပစ်ချခဲ့တာ နေရာနှစ်နေရာမှာပစ်ချခဲ့တာပါ။ အမှတ် ၁၁၆ လေယာဉ်အုပ်က တိုက်လေယာဉ်တစ်စီးနဲ့ အ မှတ် ၁၄၀ လေယာဉ်အုပ်က တိုက်လေယာဉ်တစ်စင်း စုစုပေါင်း နှစ်စင်းပေါ့။ နေရာနှစ်ခုမှာ ဒရုန်းတစ်စင်းစီကို ပစ်ချခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Israeli Air Force F-35 Downs Iranian Drone in First Kill

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 


 


 

Ref: Israeli Air Force F-35 Downs Iranian Drone in First Kill

 

#PeopleMedia


Share this post