• Follow Us on

Home အစ္စရေး ဒုံးခွင်းဒုံး (Iron Dome) စနစ်အတွက် ဒေါ်လာ ၁ ဘီလျံထောက်ပံ့ရန် အမေရိကန်အောက်လွှတ်တော် ဥပဒေပြဋ္ဌာန်း

အစ္စရေး ဒုံးခွင်းဒုံး (Iron Dome) စနစ်အတွက် ဒေါ်လာ ၁ ဘီလျံထောက်ပံ့ရန် အမေရိကန်အောက်လွှတ်တော် ဥပဒေပြဋ္ဌာန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

ယာယီအသုံးစရိတ်ရန်ပုံငွေဥပဒေကြမ်းကို ဒီမိုကရက်အမတ်များက ဖယ်ရှားလိုက်ပြီးနောက် အစ္စရေးနိုင်ငံ၏ ဒုံး ခွင်းဒုံး (Iron Dome) တာတိုပစ်ဒုံးကျည်စနစ်ကို ပြန်လည်ဖြည့်တင်းရေးအတွက် ဒေါ်လာ ၁ ဘီလျံထောက်ပံ့ ရန် အမေရိကန်အောက်လွှတ်တော်အမတ်များက ဥပဒေပြဋ္ဌာန်းလိုက်သည်။

 

အောက်လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ ၄၂၀ မဲ – ၉ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ကန့်ကွက်မဲ ၉ မဲမှာ ဒီမိုကရက်အမတ် ၈ မဲနှင့် ရီပတ်ဘလီကန်အမတ် ၁ မဲတို့ဖြစ်သည်။

 

အမေရိကန်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ သော အမေရိကန်-အစ္စရေး အကူအညီပေးရေး စာ ချုပ်အရ အစ္စရေးကိုဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ယင်းစာချုပ်အရ တစ်နှစ်တာဒုံးကျည်ကာကွယ် ရေးရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ သုံးစွဲခွင့်ရှိကြောင်း မဲပေးဆုံးဖြတ်ခြင်းမပြုလုပ်မီ အောက်လွှတ်တော်ဥက္ကဋ္ဌ နန် စီပီလိုစီဒီကလစ်ဖ်ကပြောသည်။

 

“ဒီကနေ့လျာထားတဲ့ရန်ပုံငွေနဲ့ ဒီအစီအစဉ်ကိုဆက်လက်ထောက်ပံ့သွားမှာဖြစ်ပါတယ်။ ဥပဒေကြမ်းဆွေးနွေးမှု ဟာ အစ္စရေးနိုင်ငံအတွက် အထက်လွှတ်တော်ထဲမှာ နိုင်ငံရေးပါတီနှစ်ရပ်နဲ့ လွှတ်တော်နှစ်ရပ်တို့ရဲ့ ခိုင်မာတဲ့စု စည်းညီညွတ်မှုကို ထင်ဟပ်စေပါတယ်။ အစ္စရေးနိုင်ငံလုံခြုံရေးအတွက် အကူအညီပေးဖို့ဆိုတာ အ လွန်အရေး ကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အစ္စရေးလုံခြုံရေးဆိုတာ အမေရိကန်လုံခြုံရေးအတွက် အလွန်အရေးကြီး လို့ပဲဖြစ်ပါတယ်။” ဟု သူမကပြောသည်။

 

ယခုသီတင်းပတ်အစောပိုင်းက အောက်လွှတ်တော်အတွင်းမှ ဒီမိုကရက်အမတ်တစ်ခုက တစ်နှစ်တာဒုံးကျည် ကာကွယ်ရေးရန်ပုံငွေသုံးစွဲမှုအပါအဝင် အစ္စရေးနိုင်ငံအတွက်ထောက်ပံ့မည့်ရန်ပုံငွေသုံးစွဲရေးအစီအစဉ်ကို ကန့် ကွက်ခဲ့သည်။ ဒီမိုကရက်များက အခြေအမြစ်မရှိကြောင်းပြောနေသော်လည်း ဒီမိုကရက်များကို အစ္စရေးဆန့် ကျင်သူများအဖြစ်ပုံဖော်ရန် ရီပတ်ဘလီကန်များက အဆိုပါကန့်ကွက်မှုကိုအသုံးချခဲ့သည်။

 

“ဒီမိုကရက်တွေဟာ အစ္စရေးနိုင်ငံကိုမုန်းတီးနေတဲ့ ဂျူးဆန့်ကျင်ရေးသမားတွေရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ရောက်နေပါတယ်။” ဟု တောင်ကာရိုလိုင်းနားမှ ထိပ်တန်းရီပတ်ဘလီကန်အမတ် ဂျိုးဝီလ်ဆင်ကပြောသည်။

 

ဒုတိယကမ္ဘာစစ်ပြီးကတည်းက အမေရိကန်၏ အကြီးမားဆုံးသောပြည်ပအကူအညီအဖြစ် အစ္စရေးနိုင်ငံက အ မေရိကန်ထံမှ ၂၀၂၀ ပြည့်နှစ်တွင် ဒုံးခွင်းဒုံး (Iron Dome) တာတိုပစ်ဒုံးကျည်စနစ်အတွက် အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလျံလက်ခံရရှိခဲ့သည်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကမူ အစ္စရေးနိုင်ငံကိုစစ်ရေးအကူအညီပေးခြင်းအား လျှော့ချရန်တောင်းဆိုထား သည့် လွှတ်တော်အမတ်များ၏တောင်းဆိုချက်ကို အာခံပြီး အစ္စရေးကို ကူညီရန်မေတ္တာရပ်ခံခဲ့သည်။

 

မေလအတွင်းက ဂါဇာမှနေ၍ အစ္စရေးနိုင်ငံတွင်းသို့ ပစ်ခတ်ခဲ့သည့်ဒုံးကျည်များကို ပြန်လည်ပစ်ခတ်ရာ၌ အသုံး ပြုခဲ့သော ဒုံးခွင်းဒုံး (Iron Dome) တာတိုပစ်ဒုံးကျည်များ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ဂျိုးဘိုင်ဒန်က လွှတ်တော်အမတ်များကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

 

Ref: House passes $1 billion for Israel’s Iron Dome system in blowout vote

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: House passes $1 billion for Israel’s Iron Dome system in blowout vote

 

#PeopleMedia


Share this post