• Follow Us on

Home အဆင့်မြှင့်တင်ထားသော Black Hawk ရဟတ်ယာဉ် အမေရိကန်ကြည်းတပ်ထုတ်ဖော်ပြသ

အဆင့်မြှင့်တင်ထားသော Black Hawk ရဟတ်ယာဉ် အမေရိကန်ကြည်းတပ်ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃ (People Media)

 

စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော စစ်ဆင်ရေးတာဝန်များကို လွယ်ကူစွာထမ်းဆောင်နိုင်ရန်အတွက် ခေတ်မီ နည်းပညာများကို အသုံးပြုထားပြီး အဆင့်မြှင့်တင်ထားသည့် Black Hawk ရဟတ်ယာဉ်မူကွဲ UH-60V ရ ဟတ်ယာဉ်သစ်ကို အမေရိကန်ကြည်းတပ်က ထုတ်ဖော်ပြသလိုက်သည်။

 

Victor ဟု အမည်ပေးထားသော အဆင့်မြှင့်တင်ထားသည့် Black Hawk ရဟတ်ယာဉ်တွင် ဒစ်ဂျစ်တယ်ဖန် သားဖြင့်အဆင့်မြှင့်တင်ထားသည့် ရဟတ်ယာဉ်မှူးအခန်း၊ GPS database ၊ ခေတ်မီပျံသန်းရေးအစီအစဉ်နှင့် စစ်ဆင်ရေးစွမ်းဆောင်ရည်များ ပါဝင်သည်။ ထို့အပြင် ရဟတ်ယာဉ်ပေါ်ပါတပ်ဖွဲ့ဝင်အားလုံး ဖန်သားများပြင်မှ တစ်ဆင့်ကြည့်ရှုနိုင်သည့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးစနစ်လည်းပါရှိသည်။

 

“ဒီရဟတ်ယာဉ်ပေါ်မှာ ကားတစ်စီးမှာပါသလို steam gauges ဒါမှမဟုတ် regular gauges (ဒိုင်ခွက်များကိုဆို လိုသည်။) တွေ မပါပါဘူး။ အားလုံးဟာ ဖန်သားပြင်ပေါ်မှာပွတ်ရမယ့် ဒစ်ဂျစ်တယ်သတင်းအချက်အလက်တွေ နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဖန်သားပြင်ပေါ်မှာ လိုတဲ့နေရာကို ရွှေ့ပြောင်းအသုံးပြုနိုင်ပါတယ်” ဟု Chief warrant officer four (CW4) ဖရန့်မက်ဒီးယာရပ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

 

၎င်းအပြင် UH-60V ရဟတ်ယာဉ်သစ်တွင် သွားရောက်မည့်အရပ်ဒေသနှင့် ရဟတ်ယာဉ်အရှိန်နှုန်းပေါ် အခြေခံ ၍ ခန့်မှန်းရောက်ရှိနိုင်မည့်အချိန်ကို တွက်ချက်ပေးသော “time-ahead, time-behind” စနစ်လည်းပါရှိသည်။

 

UH-60V ရဟတ်ယာဉ်သစ်၏ ဆော့ဖ်ဝဲလ်သည် ယခင် Black Hawk ရဟတ်ယာဉ်ဟောင်း၏ ဆော့ဖ်ဝဲလ်ထက် အဆင့်မြှင့်တင်ရန် ပိုမိုလွယ်ကူပြီး အသုံးပြုမည့်စစ်သည်များအနေဖြင့် ရဟတ်ယာဉ်၏စွမ်းရည်များကို လျင်မြန် စွာနားလည်နိုင်သလို သက်သောင့်သက်သာ ထိန်းကျောင်းမောင်းနှင်နိုင်သည်။

 

 

UH-60 A/L Black Hawk ရဟတ်ယာဉ်များနှင့် UH-60M Black Hawk ရဟတ်ယာဉ်များကို မောင်းနှင်ခဲ့ဖူး သည့် ရဟတ်ယာဉ်မှူးများအနေဖြင့် ယခုအဆင့်မြှင့်တင်ထားသည့် UH-60V Black Hawk ရဟတ်ယာဉ်သစ် ကို မောင်းနှင်ရာတွင် လွယ်ကူစွာကိုင်တွယ်ထိန်းသိမ်းမောင်းနှင်နိုင်မည်ဖြစ်ကြောင်း Chief warrant officer four (CW4) ဂျပ်စတင်မီယာကရှင်းပြသည်။

 

“အစပိုင်းမှာတော့ ခက်ခဲကောင်းခက်ခဲနေပါလိမ့်မယ်။ ရဟတ်ယာဉ်မှာပါတဲ့စွမ်းရည်တွေကို နားလည်ဖို့အတွက် အချိန်ယူရနိုင်ပါတယ်။ အဲဒီနောက် ရဟတ်ယာဉ်စွမ်းရည်တွေကို နားလည်သွားပြီဆိုတာနဲ့ အဲဒီစွမ်းရည်တွေဟာ ပြောင်းလဲသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါဆို ခင်ဗျားနားလည်သွားပြီ။ အေးအေးဆေးဆေးဖြစ်သွားပြီပေါ့” ဟု ဂျပ်စတင်မီယာကပြောသည်။

 

ရဟတ်ယာဉ်သစ်တွင်ပါဝင်သည့် နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများက စစ်မြေပြင်တွင် အမေရိကန်တပ် ဖွဲ့ဝင်များကို စွမ်းရည်ပိုမိုမြင့်မားလာအောင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြည်းတပ်ပျံသန်းရေးအရာရှိ ဒု တိယဗိုလ်မှူးကြီးတင်မိုသီဇာဘီးက ပြောသည်။

 

UH-60V Black Hawk ရဟတ်ယာဉ်သစ်ကို အများအပြားမထုတ်လုပ်မီ လာမည့်နှစ်တွင် ကနဦးစစ်ဆင်ရေးစမ်း သပ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Ref: US Army Introduces Upgraded Black Hawk

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 

 


 


 


 


 

Ref: US Army Introduces Upgraded Black Hawk

 

#PeopleMedia


Share this post