• Follow Us on
Latest News

Home တပ်ကုန်းမြို့နယ်၌ လူငယ်တစ်ဦး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရ

တပ်ကုန်းမြို့နယ်၌ လူငယ်တစ်ဦး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၃ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာ၌ လူငယ်တစ်ဦးသည် ဖောက်ခွဲရေးပစ္စည်း များနှင့်အတူ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရပါတယ်။

 

ဖမ်းဆီးခံရသူသည် တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာ၌ နေထိုင်သူဖြစ်ပြီး ၎င်းကို လုံခြုံရေးအဖွဲ့များက ဖမ်း ဆီးရမိစဉ် စစ်ဆေးချက်များအရ နေအိမ်၌ လက်လုပ်ဗုံး(၂)လုံး၊ စနစ်တံနှင့် ယမ်းကြိုးခွေ စသည့်တို့ကို တွေ့ ရကြောင်း သက်ဆိုင်ရာက အတည်ပြုပြောဆိုပါတယ်။

 

ထို့အတူ ဖမ်းဆီးရမိသူသည် ရေတာရှည်မြို့နယ်၌ ဖွင့်လှစ်ခဲ့သည့် လက်လုပ်ဗုံး၊ လက်လုပ်မိုင်းသင်တန်းတို့ကို တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

လက်ရှိအချိန်၌ ဖမ်းဆီးခံထားရသူကို အမှုဖွင့်ဆောင်ရွက်ထားပြီး ကွင်းဆက်တရားခံများကို ဆက်လက်စစ်ဆေး နေကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #တပ်ကုန်းမြို့

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post