• Follow Us on

Home အနားပေး F-16 တိုက်လေယာဉ်များကို ဒရုန်းများအဖြစ် အသွင်ပြောင်းရန် အမေရိကန်လေတပ် ဒေါ်လာ ၄၉.၇ သန်း ရင်းနှီးမြှုပ်နှံ

အနားပေး F-16 တိုက်လေယာဉ်များကို ဒရုန်းများအဖြစ် အသွင်ပြောင်းရန် အမေရိကန်လေတပ် ဒေါ်လာ ၄၉.၇ သန်း ရင်းနှီးမြှုပ်နှံ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁ (People Media)

 

အမေရိကန်လေတပ်မှ အနားပေးလိုက်သော F-16 တိုက်လေယာဉ်များကို မောင်းသူမဲ့လေယာဉ်များအဖြစ် ပြန် လည်ပြုပြင်အသွင်ပြောင်းသုံးစွဲနိုင်ရန် အမေရိကန်လေတပ်က ဘိုးရင်းကုမ္ပဏီသို့ ဒေါ်လာ ၄၉.၇ သန်းတန် ကန် ထရိုက်လုပ်ငန်းကို အပ်နှံလိုက်သည်။

 

လွန်ခဲ့သည့်သီတင်းပတ်က သဘောတူညီခဲ့သောကန်ထရိုက်စာချုပ်အရ F-16 Block 25 တိုက်လေယာဉ်နှင့် F-16 Block 30 တိုက်လေယာဉ် စုစုပေါင်း ၁၅ စင်းကို QF-16 ဒရုန်းလေယာဉ်များအဖြစ် အသွင်ပြောင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

QF-16 ဒရုန်းလေယာဉ်များသည် ပြန်လည်အသုံးပြုနိုင်သော QF-4 ဒရုန်းလေယာဉ်များကို အစားထိုးသွားမည် ဖြစ်သည်။ QF-4 ဒရုန်းလေယာဉ်များသည် မက်ဒေါ်နယ်ဒေါက်ဂလပ်ကုမ္ပဏီမှထုတ်လုပ်သော F-4 Phantom တတိယမြောက်မျိုးဆက်တိုက်လေယာဉ်မှ ဆင်းသက်လာသည့် မောင်းသူမဲ့လေယာဉ်ဖြစ်သည်။ F-4 Phantom တိုက်လေယာဉ်ကို ၁၉၈၀ ပြည့်နှစ်များတွင် အနားပေးခဲ့ပြီးဖြစ်သည်။

 

အမေရိကန်လေတပ်သည် ၁၉၆၀ ပြည့်နှစ်များကတည်းက အနားပေးခဲ့သော တိုက်လေယာဉ်များကို F-100၊ F-102၊ F-106 ကဲ့သို့ ဒရုန်းလေယာဉ်များအဖြစ် အတွဲလိုက် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲအသုံးပြုလျက်ရှိသည်။ ယင်းဒရုန်းလေယာဉ်များထဲမှလေယာဉ်အချို့မှာ လက်နက်စမ်းသပ်ပစ်ခတ်စဉ် ပျက်စီးခဲ့ကြသည်။ QF-16 ဒရုန်း လေယာဉ်သည် အမေရိကန်လေတပ်မှ တိုက်လေယာဉ်များကို ရန်သူ့လေကြောင်းခြိမ်းခြောက်မှုအား တန်ပြန် ရင်ဆိုင်ရာတွင် အထောက်အကူပေးသွားမည်ဖြစ်သည်။

 

လေယာဉ်ဖရိန်နှင့် အဓိကအစိတ်အပိုင်းများပြောင်းလဲတပ်ဆင်ပြီး ဒရုန်းလေယာဉ်အဖြစ်အသွင်ပြောင်းလိုက် လိုက်ခြင်းအားဖြင့် အဆိုပါဒရုန်းသည် မောင်းသူမပါဘဲ autopilot ဖြင့် အိုအလျောက်မောင်းနှင်နိုင်သလို မြေပြင် ထိန်းချုပ်ရေးစခန်းမှ ကိုင်တွယ်ထိန်းချုပ်သည့်နည်းလမ်းဖြင့်လည်း မောင်းနှင်နိုင်ကြောင်း ဘိုးရင်းကုမ္ပဏီက ပြောသည်။

 

QF-16 ဒရုန်းလေယာဉ်သည် လေယာဉ်ကို ထိန်းချုပ်မရတော့ပါက အဆိုပါလေယာဉ်ကို အလိုအလျောက်ဖျက် ဆီးပစ်နိုင်သော ပျံသန်းမှုရပ်တန့်ခြင်းစနစ်ကို ထည့်သွင်းထားကြောင်း Air Force Technology အဖွဲ့ကပြော သည်။

 

၂၀၂၂ ခုနှစ်တွင် QF-16 ဒရုန်းလေယာဉ်အစင်း ၂၁၀ အထိ ဝယ်ယူသွားရန် အမေရိကန်လေတပ်က မျှော်လင့် ထားသည်။ ဘိုးရင်းကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သော QF-16 ဒရုန်းလေယာဉ်စင်းရေ ၁၂၀ အနက်  အစင်း ၅၀ ကို ပို့ဆောင်ပြီးသွားပြီဖြစ်ကြောင်းသိရသည်။

 

Ref: US Air Force Invests $49.7M to Convert F-16s Into Target Drones

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: US Air Force Invests $49.7M to Convert F-16s Into Target Drones

 

#PeopleMedia


Share this post