• Follow Us on

Home အမှတ်(၁) စစ်ကြောရေးစခန်းရှိ လုံခြုံရေးဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

အမှတ်(၁) စစ်ကြောရေးစခန်းရှိ လုံခြုံရေးဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အမှတ် (၁) ဘုရင့်နောင်စစ်ကြောရေးစခန်းရှိ လုံခြုံရေးဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စက်ဘီးဖြင့် Delivery ပို့ဆောင်သည့်အမျိုးသားတစ်ဦးက  အမှတ် (၁) ဘုရင့်နောင်စစ်ကြောရေးစခန်းမှ အမျိုးသားတစ်ဦးက အွန်လိုင်းမှ ပစ္စည်းမှာယူထားကြောင်း၊ အဆိုပါ ပေးပို့ခဲ့သည့်ပစ္စည်းကို ပို့ဆောင်သူပြန်သွားပြီးနောက် လုံခြုံရေးဂိတ်တွင် စစ်ဆေးဖွင့်ဖောက်ရာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

“ပါဆယ်ဗုံးလို့တော့ သိရတယ်။ လာပို့သွားတဲ့သူက အွန်လိုင်းက မှာထားလို့ဆိုပြီးတော့ လာပို့သွားတာ။ အဲ့ဒီ ပို့တဲ့ပစ္စည်းကို ဗုံးတွေပါတွေဖြစ်မှာစိုးလို့ ဂိတ်မှာပဲ စစ်ဆေးတဲ့အချိန်မှာ ပေါက်ကွဲတာ” လို့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုခြုံရေးကင်းစခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် အစိုးရဌာနဆိုင်ရာများကို မကြာခဏ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးပစ်လောင်ခြာများဖြင့် ပစ်ခတ်သည့်ဖြစ်စဉ်များပေါ်ခဲ့သည်။

 

#PeopleMedia #စစ်ကြောရေးစခန်း

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post