• Follow Us on

Home အိပ်​​ပျော်နေချိန်​တွင်​ သစ်​ပင်​လဲကျသဖြင့်အမျိုးသားတစ်ဦး​သေဆုံး နှစ်ဦးဒဏ်​ရာများရရှိ

အိပ်​​ပျော်နေချိန်​တွင်​ သစ်​ပင်​လဲကျသဖြင့်အမျိုးသားတစ်ဦး​သေဆုံး နှစ်ဦးဒဏ်​ရာများရရှိ

Share this post

EPN

မိုးကောင်း၊ စက်တင်ဘာ ၁၇

မိုးကောင်းမြို့နယ်တွင် သစ်ပင်လဲကျပြီး ပိမိသဖြင့် လူတစ်ဦး​သေဆုံးပြီး နှစ်ဦးဒဏ်​ရာများရရှိသွားကြောင်း သိရသည်။

ကချင်​ပြည်​နယ်​ မိုး​ကောင်းမြို့ လွဲလောကျေးရွာအုပ်စု ကြာအင်းကျေးရွာ စုစည်း (၂)နှင့် ကိုးမိုင်ခန့်အကွာ ဝါကျစ်ကွင်းဒညင်းခင်းတွင် စက်တင်ဘာ (၁၇) နံနက်(၅)နာရီအချိန်ခန့်က အခင်းစောင့်ရန် အမျိုးသား(၅)ဦး ယာယီတဲထိုး၍ အိပ်ပျော်နေစဉ် ယာယီတဲအနီးရှိ အပင်မှအမြစ်လန်လဲကျကာ တဲပေါ်ပိမိပြီး တဲအတွင်းအိပ်ပျော်နေသူ ကြာအင်းကျေးရွာနေ ​မောင်​ဇင်​​ကျော်​မျိုးဦး (၂၂) နှစ်​သည်​​ အပင်ပိမိ၍ နေရာတွင်​သေဆုံးခဲ့ပြီး ​မောင်​ဇော်​မိုးတူး (၄၀)နှစ်​နှင့် ​မောင်​အူဂါ​နော်​ (၃၅) နှစ်​တို့ သည်​ သစ်​ကိုင်းရိုတ်​မိပြီးဒဏ်ရာများ ပြင်းထန်​စွာရခဲ့သဖြင့် မိုး​ကောင်းပြည်​သူ့​ဆေးရုံသို့​ လောကတ္ထစရိယလူမှုကူညီရေးအသင်းယာဉ်​ဖြင့် သယ်​​ဆောင်​ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှ သေမှုသေခင်းရေးဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။

ချိုမောင်


Share this post