• Follow Us on

Home အိႏၵိယနိုင္ငံက ဇန္နဝါရီလအတြင္း ကာကြယ္ေဆးထိုးႏွံေရး စီမံခ်က္ စတင္မည္

အိႏၵိယနိုင္ငံက ဇန္နဝါရီလအတြင္း ကာကြယ္ေဆးထိုးႏွံေရး စီမံခ်က္ စတင္မည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိႏၵိယနိုင္ငံက ဇန္နဝါရီလအတြင္း ျပည္သူမ်ားအတြက္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈ စတင္ ရန္ေမၽွာ္မွန္းေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေျပာသည္။

လာမည့္သီတင္းပတ္မ်ားအတြင္း ေဆးဝါးကြပ္ကဲေရးအဖြဲ႕က အလားအလာေကာင္းေသာ ဗိုင္းရပ္စ္ကာ ကြယ္ေဆးမ်ား အေရးေပၚအေျခအေန အသုံးျပဳရန္ ခြင့္ျပဳေပးဖြယ္ရွိေၾကာင္း ၄င္းတို႔က ေျပာသည္။

ၾသဂုတ္လမတိုင္မီ ျပည္သူ သန္း ၃၀၀ ကို ကာကြယ္ ေဆး ထိုးေပးနိုင္ရန္ ရည္မွန္းသည္။ အိႏၵိယနိုင္ငံ၌ လက္ရွိအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၁၀ သန္းနီးပါးႏွင့္ ေသဆုံးသူ ၁၄၄၀၀၀ ဦးရွိ ေၾကာင္း သိရသည္။

အိႏၵိယ ကာကြယ္ေဆးကုမၸဏီမ်ားျဖစ္သည့္ Serum Institute of India ႏွင့္ Bharat Biotech တို႔က တစ္ လလ်င္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ ၆၅ သန္း ထုတ္လုပ္နိုင္စြမ္းရွိသည္။

အိႏၵိယျပည္သူ သန္း ၃၀၀ ကို ဇန္နဝါရီလႏွင့္ ၾသဂုတ္လၾကား ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံေပးမည္ျဖစ္ သည္။ က်န္းမာေရးဝန္ထမ္း ၁၀ သန္းခန္႔ကို ဗိုင္းရပ္စ္ကာကြယ္ေဆး စတင္ထိုးႏွံေပးၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္၊ တပ္ မေတာ္သား၊ စည္ပင္သာယာႏွင့္ ေရွ႕မ်က္ႏွာစာရွိလုပ္သားမ်ားကို ထိုးႏွံေပးမည္ျဖစ္သည္။

ကာကြယ္ေဆးထိုးႏွံေပးမည့္ ေနာက္အုပ္စုမ်ားတြင္ အသက္ ၅၀ ေက်ာ္၊ အသက္ ၅၀ ေအာက္ ေရာဂါအခံ ရွိသူမ်ား ပါဝင္သည္။ အိႏၵိယနိုင္ငံ ကမၻာ့အႀကီးမားဆုံး ကာကြယ္ေဆးထိုးႏွံေရး အစီအစဥ္ ေဆာင္ရြက္ဖူးၿပီး ႏွစ္ စဥ္ ေမြးကင္းစကေလးႏွင့္ ကိုယ္ဝန္ ေဆာင္မိခင္ သန္း ၄၀ ေက်ာ္ကို ေရာဂါ ၁၂ မ်ိဳး ကာကြယ္ေဆးထိုးႏွံေပးသည္။

အစီအစဥ္တြင္ပါဝင္သည့္ သူနာျပဳ ၁၅၄၀၀၀ က ျပည္သူမ်ားကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးမည္ျဖစ္သည္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ား သိမ္းဆည္းရန္ အေအးခန္း ၂၉၀၀၀ ကို အသုံးျပဳမည္ျဖစ္သည္။

ကိုးကား – ဘီဘီစီ

Ref; India expects to ‘begin vaccination in January’

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံက ဇန်နဝါရီလအတွင်း ကာကွယ်ဆေးထိုးနှံရေး စီမံချက် စတင်မည်
……………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိန္ဒိယနိုင်ငံက ဇန်နဝါရီလအတွင်း ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု စတင် ရန်မျှော်မှန်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

လာမည့်သီတင်းပတ်များအတွင်း ဆေးဝါးကွပ်ကဲရေးအဖွဲ့က အလားအလာကောင်းသော ဗိုင်းရပ်စ်ကာ ကွယ်ဆေးများ အရေးပေါ်အခြေအနေ အသုံးပြုရန် ခွင့်ပြုပေးဖွယ်ရှိကြောင်း ၄င်းတို့က ပြောသည်။

သြဂုတ်လမတိုင်မီ ပြည်သူ သန်း ၃၀၀ ကို ကာကွယ် ဆေး ထိုးပေးနိုင်ရန် ရည်မှန်းသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၀ သန်းနီးပါးနှင့် သေဆုံးသူ ၁၄၄၀၀၀ ဦးရှိ ကြောင်း သိရသည်။

အိန္ဒိယ ကာကွယ်ဆေးကုမ္ပဏီများဖြစ်သည့် Serum Institute of India နှင့် Bharat Biotech တို့က တစ် လလျင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၆၅ သန်း ထုတ်လုပ်နိုင်စွမ်းရှိသည်။

အိန္ဒိယပြည်သူ သန်း ၃၀၀ ကို ဇန်နဝါရီလနှင့် သြဂုတ်လကြား ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ် သည်။ ကျန်းမာရေးဝန်ထမ်း ၁၀ သန်းခန့်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံပေးပြီးနောက် ရဲတပ်ဖွဲ့ဝင်၊ တပ် မတော်သား၊ စည်ပင်သာယာနှင့် ရှေ့မျက်နှာစာရှိလုပ်သားများကို ထိုးနှံပေးမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးမည့် နောက်အုပ်စုများတွင် အသက် ၅၀ ကျော်၊ အသက် ၅၀ အောက် ရောဂါအခံ ရှိသူများ ပါဝင်သည်။ အိန္ဒိယနိုင်ငံ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် ဆောင်ရွက်ဖူးပြီး နှစ် စဉ် မွေးကင်းစကလေးနှင့် ကိုယ်ဝန် ဆောင်မိခင် သန်း ၄၀ ကျော်ကို ရောဂါ ၁၂ မျိုး ကာကွယ်ဆေးထိုးနှံပေးသည်။

အစီအစဉ်တွင်ပါဝင်သည့် သူနာပြု ၁၅၄၀၀၀ က ပြည်သူများကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သိမ်းဆည်းရန် အအေးခန်း ၂၉၀၀၀ ကို အသုံးပြုမည်ဖြစ်သည်။

ကိုးကား – ဘီဘီစီ

Ref; India expects to ‘begin vaccination in January’

#PeopleMedia


Share this post