• Follow Us on

Home ရဟန္းသာမေဏႏွင့္ သီလရွင္စုစုေပါင္း ၂၉၅၀ ပါး COVID-19 ေရာဂါကူးစက္ခံရၿပီး COVID-19 ေရာဂါေၾကာင့္ ရဟန္း သာမေဏႏွင့္ သီလရွင္အပါး ၄၀ ပ်ံလြန္ေတာ္မူ

ရဟန္းသာမေဏႏွင့္ သီလရွင္စုစုေပါင္း ၂၉၅၀ ပါး COVID-19 ေရာဂါကူးစက္ခံရၿပီး COVID-19 ေရာဂါေၾကာင့္ ရဟန္း သာမေဏႏွင့္ သီလရွင္အပါး ၄၀ ပ်ံလြန္ေတာ္မူ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရဟန္းသာမေဏႏွင့္ သီလရွင္စုစုေပါင္း ၂၉၅၀ ပါး COVID-19 ေရာဂါကူးစက္ခံရၿပီး ့ ပ်ံလြန္ေတာ္မူသည့္ ရဟန္းသာမေဏႏွင့္ သီလရွင္အပါး ၄၀ ရွိၿပီျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦးေအာင္ဆန္း၀င္းက ေျပာသည္။

လက္ရွိႏိုင္ငံတကာတြင္ကူးစက္ ျပန္႔ပြားလ်က္ရွိသည့္ COVID-19 ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံတြင္ ရဟန္းသာမေဏ၊ သီလ ရွင္မ်ားႏွင့္ ျပည္သူမ်ားအပါအ၀င္ ကူးစက္ခံရလ်က္ရွိရာ ရဟန္းသာမေဏ၊ သီလရွင္အပါးအေရအတြက္ မည္မွ်ရွိသည္ကို People Media မွ ဆက္သြယ္ေမးျမန္းရာ ၎မွ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေရာဂါပိုးေတြ႕ရွိတာ ဒီေန႔ထိဆိုရင္ ၂၆၄၀ ရွိၿပီ။ သီလရွင္က ၃၁၀၊ ပ်ံလြန္ေတာ္မူတာက ရဟန္းက ၃၇ ပါး၊ သီလရွင္ ၃ ပါး၊ ေဆး႐ံုဆင္းတာက ရဟန္းသာမေဏက ၂၄၅၅ ဆင္းသြားၿပီ။ သီလရွင္က ၃၀၅ ပါး ဆင္းသြားၿပီ။ ေဆး႐ံုမွာ ကုသဆဲက ရဟန္းသာမေဏက ၄၈ ပါးရွိတယ္။ သီလရွင္က ၂ ပါးပဲရွိေတာ့ တယ္” ဟု ဦးေအာင္ဆန္း၀င္း(သာသနာေရးႏွင့္ ယဥ္ေက်းမႈ ၀န္ႀကီးဌာနၫႊန္ၾကားေရးမွဴး)မွေျပာသည္။

ျမန္မာႏိုင္ငံတြင္ ဒီဇင္ဘာ ၁၇ ရက္ေန႔ ည ၈ နာရီအခ်ိန္ထိ COVID-19 ေရာဂါျဖစ္ပြားမႈအေျခအေန က်န္းမာေရးႏွင့္ အား ကစား၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ေရာဂါပိုးကူးစက္ခံရသူ တစ္သိန္းေက်ာ္ရွိၿပီး၊ ေဆး႐ံုဆင္းခြင့္ရရွိသူ ကိုးေသာင္းေက်ာ္ႏွင့္ အဆိုပါေရာဂါျဖင့္ ေသဆံုးလူနာ ႏွစ္ေထာင္ေက်ာ္ရွိၿပီျဖစ္သည္။

Photo – အင္းစိန္ရြာမစာသင္တိုက္

#PeopleMedia #COVID-19 #သာ/၀န္

(unicode)
ရဟန်းသာမဏေနှင့် သီလရှင်စုစုပေါင်း ၂၉၅၀ ပါး COVID-19 ရောဂါကူးစက်ခံရပြီး COVID-19 ရောဂါကြောင့် ရဟန်း သာမဏေနှင့် သီလရှင်အပါး ၄၀ ပျံလွန်တော်မူ
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရဟန်းသာမဏေနှင့် သီလရှင်စုစုပေါင်း ၂၉၅၀ ပါး COVID-19 ရောဂါကူးစက်ခံရပြီး ့ ပျံလွန်တော်မူသည့် ရဟန်းသာမဏေနှင့် သီလရှင်အပါး ၄၀ ရှိပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

လက်ရှိနိုင်ငံတကာတွင်ကူးစက် ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံတွင် ရဟန်းသာမဏေ၊ သီလ ရှင်များနှင့် ပြည်သူများအပါအဝင် ကူးစက်ခံရလျက်ရှိရာ ရဟန်းသာမဏေ၊ သီလရှင်အပါးအရေအတွက် မည်မျှရှိသည်ကို People Media မှ ဆက်သွယ်မေးမြန်းရာ ၎င်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရောဂါပိုးတွေ့ရှိတာ ဒီနေ့ထိဆိုရင် ၂၆၄၀ ရှိပြီ။ သီလရှင်က ၃၁၀၊ ပျံလွန်တော်မူတာက ရဟန်းက ၃၇ ပါး၊ သီလရှင် ၃ ပါး၊ ဆေးရုံဆင်းတာက ရဟန်းသာမဏေက ၂၄၅၅ ဆင်းသွားပြီ။ သီလရှင်က ၃၀၅ ပါး ဆင်းသွားပြီ။ ဆေးရုံမှာ ကုသဆဲက ရဟန်းသာမဏေက ၄၈ ပါးရှိတယ်။ သီလရှင်က ၂ ပါးပဲရှိတော့ တယ်” ဟု ဦးအောင်ဆန်းဝင်း(သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနညွှန်ကြားရေးမှူး)မှပြောသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်ထိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ခံရသူ တစ်သိန်းကျော်ရှိပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ ကိုးသောင်းကျော်နှင့် အဆိုပါရောဂါဖြင့် သေဆုံးလူနာ နှစ်ထောင်ကျော်ရှိပြီဖြစ်သည်။

Photo – အင်းစိန်ရွာမစာသင်တိုက်

#PeopleMedia #COVID-19 #သာ/ဝန်


Share this post