• Follow Us on

Home အိန္ဒိယနိုင်ငံမှ Covishield ဗိုင်းရပ်စ်ကာကွယ်ဆေးအလုံးရေ သန်း ၃၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူ

အိန္ဒိယနိုင်ငံမှ Covishield ဗိုင်းရပ်စ်ကာကွယ်ဆေးအလုံးရေ သန်း ၃၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဥရောပဆေးဝါးကုမ္ပဏီ AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်သည့် Covishield ကို ဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတည်ပြုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးအုပ်ချုပ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGDA) က အိန္ဒိယနိုင်ငံမှ Covishield ဗိုင်းရပ်စ်ကာကွယ်ဆေး တင်သွင်း၊ ဖြန့်ဖြူးရန် Beximco Pharmaceuticals Ltd အား တရားဝင် ခွင့်ပြု လိုက်သည်။

“Beximco က အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေး တင်သွင်း၊ ဖြန့်ဖြူးနိုင်ပါပြီ။ အစိုးရရဲ့ လိုအပ်ချက် ပြည့်မီဖို့ ကာကွယ်ဆေးပေးပို့ပြီးရင် အစိုးရက အတည်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံတွေကို ကာကွယ်ဆေး ပေးပို့မှာဖြစ် ပါတယ်” ဟု DGDA မှ ဒုတိယညွှန်ကြားရေးမှူး ဆာလောက်ဒင်ကပြောသည်။

ဗြိတိန်နိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေး တရားဝင် အတည်ပြုပြီးနောက် အိန္ဒိယနိုင်ငံက အရေးပေါ်အသုံးပြုရန် အဆိုပါကာကွယ်ဆေးကို အတည်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာလ အစောပိုင်းတွင် Beximco ကုမ္ပဏီက ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူမည့် သဘောတူညီချက်တစ်ရပ်ကို Serum Institute of India (SII) နှင့် လက်မှတ်ရေး ထိုးခဲ့သည်။

ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Globe Biotech Ltd မှထုတ်လုပ်သော Bongavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုပြုလုပ်ရန် DGDA က ဇန်နဝါရီလ ၆ ရက်တွင် အတည်ပြုခဲ့သည်။

ကိုးကား – ပီတီအိုင်

Ref; Bangladesh approves procurement of 30 million doses of Covis

#PeopleMedia

(unicode)
…………………………………….









Ref; Bangladesh approves procurement of 30 million doses of Covis

#PeopleMedia


Share this post