• Follow Us on

Home အိႏၵိယသမုဒၵရာတြင္ ႐ုရွား၊ အီရန္၊ တ႐ုတ္ ေလးရက္ၾကာ ပူးေပါင္းစစ္ ေရးေလ့က်င့္မည္

အိႏၵိယသမုဒၵရာတြင္ ႐ုရွား၊ အီရန္၊ တ႐ုတ္ ေလးရက္ၾကာ ပူးေပါင္းစစ္ ေရးေလ့က်င့္မည္

Share this post

႐ုရွား၊ အီရန္နဲ႔ တ႐ုတ္ႏုိင္ငံတို႔ဟာ ေလးရက္ၾကာ ေရတပ္စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈျပဳလုပ္သြားဖို႔ ရွိေနပါ တယ္။

ပူးေပါင္းစစ္ေရးေလ့က်င့္မႈကို ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ စတင္သြားမယ္လို႔ အီရန္စစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာပါတယ္။

ပူးေပါင္းစစ္ေရးေလ့က်င့္မႈကို အိႏၵိယသမုဒၵရာနဲ႔ အိုမန္ပင္လယ္ေကြ႕မွာက ေသာၾကာေန႔မွာ စတင္ၿပီး ၄ ရက္ ၾကာျပဳလုပ္သြားမွာျဖစ္ပါတယ္။

အခုုစစ္ေရးေလ့က်င့္မႈေတြမွာ အၾကမ္းဖက္နဲ႔ ပင္လယ္ဓားျပႏွိမ္နင္းေရးရည္မွန္းခ်က္လည္း တစ္ခုအပါအ၀င္ျဖစ္ တယ္လို႔ သိရပါတယ္။

ေနာက္ထပ္ရည္မွန္းခ်က္တစ္ခုကေတာ့ ပင္လယ္ျပင္ကယ္ဆယ္ေရးလုပ္ငန္းစဥ္ေတြရဲ႕ အေတြ႕အႀကံဳေတြ ဖလွယ္ဖို႔ျဖစ္တယ္လို႔ အီရန္စစ္တပ္က ေျပာပါတယ္။

Ref; https://bulgarianmilitary.com/

#PeopleMedia #International

(Unicode)
အိန္ဒိယသမုဒ္ဒရာတွင် ရုရှား၊ အီရန်၊ တရုတ် လေးရက်ကြာ ပူးပေါင်းစစ် ရေးလေ့ကျင့်မည်
…………………………………………………………

ရုရှား၊ အီရန်နဲ့ တရုတ်နိုင်ငံတို့ဟာ လေးရက်ကြာ ရေတပ်စစ်ရေး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သွားဖို့ ရှိနေပါ တယ်။

ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်သွားမယ်လို့ အီရန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်ကွေ့မှာက သောကြာနေ့မှာ စတင်ပြီး ၄ ရက် ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုတွေမှာ အကြမ်းဖက်နဲ့ ပင်လယ်ဓားပြနှိမ်နင်းရေးရည်မှန်းချက်လည်း တစ်ခုအပါအဝင်ဖြစ် တယ်လို့ သိရပါတယ်။

နောက်ထပ်ရည်မှန်းချက်တစ်ခုကတော့ ပင်လယ်ပြင်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေရဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ဖြစ်တယ်လို့ အီရန်စစ်တပ်က ပြောပါတယ်။

Ref; https://bulgarianmilitary.com/

#PeopleMedia #International


Share this post