• Follow Us on

Home အနောက်နိုင်ငံများ၏ ရန်လိုသော မူဝါဒအား တုံ့ပြန်သွားရန် ရုရှားသမ္မတပူတင် ကတိပြု

အနောက်နိုင်ငံများ၏ ရန်လိုသော မူဝါဒအား တုံ့ပြန်သွားရန် ရုရှားသမ္မတပူတင် ကတိပြု

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂ (People Media)

 

ရုရှားနိုင်ငံသမ္မတ ဗီလာဒီမာပူတင်က အနောက်နိုင်ငံများက “ရန်လိုသော” မူဝါဒအား ဆက်လက်လုပ်ဆောင်ပါ က ရုရှားနိုင်ငံအနေဖြင့် တန်ပြန်တုံ့ပြန်ရေးအစီအမံများအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ညှိနှိုင်းမှုများအတွက် အဆင်သင့်ရှိနေဆဲဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

 

“တကယ်လို့ ကျွန်တော်တို့ရဲ့ အနောက်နိုင်ငံလုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ရဲ့ သိသာထင်ရှားတဲ့ရန်လိုတဲ့ လမ်းကို ဆက်သွားမည်ဆိုရင် အဲဒီရန်လိုတဲ့လုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသားတုံ့ပြန်ဖို့ ပြည့်စုံလုံ လောက်တဲ့ လက်တုံ့ပြန်ရေး စစ်ဘက်ဆိုင်ရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ပူတင်က ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေး၌ ပြောကြားခဲ့သည်။

 

“ရုရှားနိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို သေချာစေဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ် ဆောင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်” ဟု ပူတင်က ပြောကြားခဲ့ပြီး ရိုမေးနီးယားနှင့် ပိုလန်နိုင်ငံတို့၌ အပါအဝင် ရုရှားနိုင်ငံနယ်စပ်များအနီး အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ်များ တပ်ဖြန့်ချထားမှု အပေါ် စိုးရိမ်မှုများအား ဖော်ပြခဲ့ကြောင်း သိရသည်။

 

အကယ်၍ ယူကရိန်းနိုင်ငံ၌ အမေရိကန်နိုင်ငံနှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့က ဒုံး ကျည်များအား တပ်ဖြန့်ထားပါက ရုရှားနိုင်ငံသို့ ၇ မိနစ်မှ ၁၀ မိနစ်အတွင်း ရောက်ရှိနိုင်ကြောင်းနှင့် အသံ ထက်မြန်သည့်လက်နက်များဖြစ်ပါက ၅ မိနစ်အတွင်း ရောက်နိုင်ကြောင်း ပူတင်က သတိပေးခဲ့သည်။

 

“ကျွန်တော်တို့ ဆုတ်ခွာဖို့ ဘယ်နေရာမှာမှ မရှိဘူးဆိုတာ သူတို့ နားလည်ရမယ်” ဟု ပူတင်က ပြောကြား ခဲ့သည်။

 

ရုရှားနိုင်ငံသည် ဥရောပရှိ လုံခြုံရေးအာမခံချက်များအပေါ် အနောက်နိုင်ငံများ ထည့်သွင်းစဉ်းစားနိုင်ရန် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့သို့ သဘောတူညီချက်မူကြမ်းတစ်ခုနှင့် အမေရိကန်နိုင်ငံသို့ သဘောတူစာချုပ်မူကြမ်းတစ်ခုအား မကြာသေးမီက ပေးပို့ခဲ့ကြောင်း သိရသည်။

 

ရုရှားနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခနှင့် သွေးထွက်သံယိုမှုတို့ကို ဆန့်ကျင်ကြောင်းနှင့် သံခင်းတမန်ခင်းမှ တစ်ဆင့် အကြောင်းကိစ္စများအား ဖြေရှင်းလိုကြောင်း၊ သို့သော် ယင်းတို့သည် ဥပဒေနှင့်ညီညွတ်သော အာမခံ ချက်များ ရှင်းရှင်းလင်းလင်းဖြစ်ရမည်ဟု ပူတင်က ထပ်လောင်းပြောဆိုခဲ့သည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post