• Follow Us on

Home ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များကို ရိုဟင်ဂျာစစ်သွေးကြွများက သတ်ဖြတ်/ အနိုင်ကျင့် ကြောင်း ကုသမဂ္ဂအထူးကိုယ်စားလှယ်ပြော

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များကို ရိုဟင်ဂျာစစ်သွေးကြွများက သတ်ဖြတ်/ အနိုင်ကျင့် ကြောင်း ကုသမဂ္ဂအထူးကိုယ်စားလှယ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂ (People Media)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် ပြန်ပေးဆွဲမှုများ၊ အနိုင်အထက်ပြုမှုများနှင့် လူသတ်မှုများအား ရိုဟင်ဂျာစစ်သွေးကြွများက ကျူးလွန်ခဲ့သည်ကို ခိုင်လုံသောသတင်းများရရှိထားကြောင်း ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦးက ပြောကြားလိုက်သည်။

 

အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် (ARSA) မှ စစ်သွေးကြွသူပုန်များသည် လွန်ခဲ့သည့်စက်တင် ဘာလအတွင်း ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းတစ်ခုတွင် ထင်ရှားသော ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မက်ဒ်မူဟစ်အူလာကို သေနတ်နှင့်ပစ်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလ သမဂ္ဂအထူးကိုယ်စားလှယ်တွမ်အင်ဒရူးက ၎င်း၏ ခြောက်ရက်ကြာဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အပြီးတွင် သတင်း ထောက်များအား ပြောသည်။

 

“ကျွန်တော် မူဟစ်အူလာရုံးခန်းကို သွားရောက်ခဲ့ပြီး သူအသတ်ခံရတဲ့နေရာမှာ ရပ်ကြည့်ခဲ့ပါတယ်။ သူ့သေဆုံး ရတာ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်တွေ လက်ချက်လို့ ယုံကြည်ရပါတယ်” ဟု အင်ဒရူးက သတင်းထောက်များကိုပြောသည်။

 

“ARSA အဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို သတ်ဖြတ်ကြောင်း၊ ညှင်းပန်းနှိပ်စက်ကြောင်း၊ ပြန်ပေးဆွဲ ကြောင်း၊ ခြိမ်းခြောက်ကြောင်း ယုံကြည်အားထားရလောက်တဲ့သတင်းတွေ ကျွန်တော်ရရှိထားပါတယ်” ဟု ၎င်းကပြောသည်။

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှ သောင်းကျန်သူအဖွဲ့တစ်ဖွဲ့ဖြစ်သော ARSA အဖွဲ့ဝင်များသည် ၎င်းတို့အနေ ဖြင့် မြန်မာအစိုးရက နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ခံနေကြရသော တိုင်းပြည်မဲ့လူနည်းစု ဖြစ်သည့် ရိုဟင်ဂျာမူဆလင်များအပေါ် အကာအကွယ်ပေးချင်ကြောင်း ပြောဆိုထားသည်။

 

၂၀၁၆ ခုနှစ်တွင် ARSA အုပ်စုများသည် ရခိုင်ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့စခန်းများကိုတိုက်ခိုက်ခဲ့ကြရာ မြန်မာ့တပ် မတော်က ယင်းအကြမ်းဖက်အုပ်စုများကို ပြန်လည်ရှင်းလင်းတိုက်ခိုက်ရာတွင် ရိုဟင်ဂျာ ခုနစ်သိန်းခွဲနီးပါး အိမ် နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်သို့ ထွက်ပြေးခဲ့ကြသည်။

 

လွန်ခဲ့သည့် နှစ်နှစ်အတွင်းက ပြန့်ကျဲနေသောဒုက္ခသည်စခန်းများတွင် ARSA အဖွဲ့ဝင်များ ဝင်ရောက်လည်ပတ် ထိန်းချုပ်နေကြောင်း သတင်းများအဆက်မပြတ်ထွက်ပေါ်ခဲ့သောလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယင်းသတင်း ကို တောက်လျှောက်ငြင်းဆိုခဲ့သည်။

 

“တွမ်အင်ဒရူးက ARSA အဖွဲ့အကြောင်းပြောသွားတယ်။ ကျွန်တော်တို့ကတော့ ဒီဒုက္ခသည်စခန်းတွေမှာ ARSA တွေရှိတယ်ဆိုတာ တစ်ခါမှမမြင်ဖူးပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က တနင်္ဂ နွေနေ့က သတင်းထောက်များကို ပြောသည်။

 

“တကယ်လို့ သူက ARSA အဖွဲ့ဝင်တစ်ယောက်လောက်ရှာဖွေဖော်ထုတ်ပြီး အဲဒီသတင်းကို ကျွန်တော်တို့ဆီကို ပေးမယ်ဆိုရင် အဲဒီ ARSA အဖွဲ့ဝင်တွေကို သူတို့နိုင်ငံကို ကျွန်တော်တို့ ပြန်ပို့လိုက်မှာပါ။ ARSA ဆိုတာကို ကျွန် တော်တို့ မြင်ဖူးချင်ပါတယ်” ဟု ၎င်းကပြောသည်။

 

ရိုဟင်ဂျာလူငယ်အသင်းတည်ထောင်သူ ခင်မောင်က အင်ဒရူး၏ပြောစကားကို ယုံကြည်ကြောင်းပြောသည်။ “ရို ဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ARSA တွေရှိနေတယ်ဆိုပြီး ကုသမဂ္ဂအထူးကိုယ်စားလှယ်ကပြောတဲ့စကားဟာ မှန်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ARSA အဖွဲ့ဝင်တွေရှိနေတဲ့အကြောင်းကို ကျွန်တော်တို့ ပြောဆို နေကြာတာ ကြာပါပြီဗျာ” ဟု ၎င်းကပြောသည်။

 

“အစိုးရ (ဘင်္ဂလားဒေ့ရှ်အစိုးရ) က ARSA အဖွဲ့ဝင်တွေကိုမောင်းထုတ်သင့်တယ်။ ARSA အဖွဲ့ဟာ မူဟစ်အူလာ ကိုသတ်တဲ့လူသတ်မှုမှာ ပါဝင်ပတ်သက်နေပါတယ်” ဟု ၎င်းကပြောသည်။

 

ARSA အဖွဲ့ဝင်များ ကော့ဘဇားခရိုင်အတွင်း လှုပ်ရှားနေသည်ကို ယုံကြည်ကြောင်း၊ သို့သော် ရိုဟင်ဂျာပြဿနာ ကိုဖြေရှင်းရန်ကုသမဂ္ဂတွင်တာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်လေတပ် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးကပြောသည်။

 

“ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ARSA အဖွဲ့ဝင်တွေရှိနေတာကို ကုလသမဂ္ဂက စိုးရိမ်ပါတယ်ဆိုရင် ရိုဟင်ဂျာ ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်အောင် သူတို့ဆောင်ရွက်ကြရမှာပေါ့ဗျာ” ဟု အငြိမ်းစားဗိ်ုလ်မှူးချုပ် အီရှပ်ဖ် အီလာဟီချွတ်ဟာရီကပြောသည်။

 

Ref: UN rapporteur: Rohingya militants kill, abuse refugees in Bangladesh camps

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: UN rapporteur: Rohingya militants kill, abuse refugees in Bangladesh camps

 

#PeopleMedia


Share this post