• Follow Us on

Home အေနာက္မွာ ဒါေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ အေခ်အတင္ေျပာေနလည္း အလကားပဲ။ ေထာင္ျပတဲ့ ဟာေတြကိုလည္း ဒီကျမင္ကိုမျမင္ရတာ။ အဲ့ေတာ့ ဒါဘာမွထိေရာက္မႈေတာ့ ရွိမွာမဟုတ္ဘူး” ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္

အေနာက္မွာ ဒါေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ အေခ်အတင္ေျပာေနလည္း အလကားပဲ။ ေထာင္ျပတဲ့ ဟာေတြကိုလည္း ဒီကျမင္ကိုမျမင္ရတာ။ အဲ့ေတာ့ ဒါဘာမွထိေရာက္မႈေတာ့ ရွိမွာမဟုတ္ဘူး” ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္

Share this post

ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပညာေရးတိုးတက္မႈႏွီးေႏွာဖလွယ္ပြဲ မိန္႔ခြန္းေျပာစဥ္ ပညာေရးေကာလိပ္မွ တကသ ေက်ာင္းသားမ်ား ခန္းမအတြင္းမတ္တပ္ရပ္၍ ဆႏၵထုတ္ေဖာ္မႈအေပၚ ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ေျပာဆိုခ်က္
……………………………………………………………

အေနာက္မွာ ဒါေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ အေခ်အတင္ေျပာေနလည္း အလကားပဲ။ ေထာင္ျပတဲ့ ဟာေတြကိုလည္း ဒီကျမင္ကိုမျမင္ရတာ။ အဲ့ေတာ့ ဒါဘာမွထိေရာက္မႈေတာ့ ရွိမွာမဟုတ္ဘူး။ ေနာက္ၿပီး ေတာ့လည္း ဒီလို အခမ္းအနားေတြကို ကိုယ့္အတြက္ ကိုယ့္အဖြဲ႕အတြက္ ကိုယ္တစ္ေယာက္တည္းရဲ႕အျမင္ အတြက္ အသံုးမခ်ပါနဲ႔။ ဒါဟာလံုး၀ျဖစ္သင့္တဲ့ ကိစၥမဟုတ္ပါဘူး။ လူတိုင္းလူတိုင္းမွာ အခြင့္အေရးရွိသလို တာ၀န္ရွိတယ္ဆိုတာလည္း သိရပါမယ္။ စည္းကမ္းဆိုတာလည္း ကိုယ့္စည္းကို ကိုယ္ထိန္းရပါမယ္။ ေနာက္ ကေနၿပီးေတာ့ ဘာေတြပဲေထာင္ျပေထာင္ျပ ဒီကလည္း မျမင္ရဘူး။ မျမင္ရေတာ့ ဘာမွထူးမွာမဟုတ္ဘူး။ တင္ျပခ်င္တယ္ဆိုရင္ တင္ျပႏိုင္တဲ့ အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္။ တင္ျပႏိုင္တဲ့ ပံုစံေတြရွိတယ္။ ဒါကိုပြင့္ပြင့္လင္းလင္း ကိုယ့္ဘာသာ ကိုယ့္နာမည္ကိုယ္ထိုးၿပီးေတာ့ ကိုယ့္အျမင္ေတြကို တင္ျပႏိုင္ပါတယ္။ ဒီလိုအခမ္းအနားေတြကို အလြဲသံုးစားမလုပ္ပါနဲ႔။ လူတိုင္းလူတိုင္းဟာ ကိုယ့္စည္းကိုယ္ေစာင့္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ကၽြန္မခဏခဏေျပာပါတယ္။ အခြင့္အေရးရွိသလို ကိုယ့္မွာတာ၀န္ရွိတယ္။ အခြင့္အေရး ကိုပဲၾကည့္ၿပီးေတာ့ တာ၀န္မေလးစားဘူးဆိုရင္ ကၽြန္မတို႔ႏိုင္ငံက ဘယ္ေတာ့မွတိုးတက္လာမွာမဟုတ္ပါဘူး။ ဒီမွာျပႆနာနဲ႔ပတ္သက္လို႔ ကၽြန္မေျပာခ်င္ပါတယ္။ ကၽြန္မအၿမဲပဲေျပာပါတယ္။ ျပႆနာက ျပႆနာ မဟုတ္ဘူး။ ျပႆနာကိုေျဖရွင္းပံုေျဖရွင္းနည္းမွန္ဖို႔ကသာ ျပႆနာျဖစ္ပါတယ္။ ျပႆနာကို ေျဖရွင္းပံုေျဖရွင္း နည္းမမွန္လို႔ရွိရင္ ဘယ္ျပႆနာကိုမွ ကၽြန္မတို႔ေရရွည္အတြက္ ေကာင္းမြန္စြာ ေျဖရွင္းႏုိင္မွာ မဟုတ္ပါဘူး။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ ႏွီးေႏွာဖလွယ္ပြဲ၌ မိန္႔ခြန္းေျပာၾကားစဥ္ ပညာေရးေကာလိပ္မွ တကသေက်ာင္းသားမ်ား ဆႏၵထုတ္ေဖာ္ေတာင္းဆိုမႈ

မတ္လကုန္အထိ စာေမးပြဲစစ္ျခင္းျဖင့္ ႏိုင္ငံစီးပြားတက္ႏိုင္ပါသလား၊ စီမံခန္႔ခြဲမႈအလြဲမ်ားအား ခ်က္ခ်င္းျပဳျပင္ ေပး၊ သုေတသနမရွိေသာ အစမ္းသပ္ခံပညာေရးစနစ္အလိုမရွိ၊ မႏၱေလးတကၠသိုလ္သပိတ္ကို ခ်က္ခ်င္းေျဖရွင္း ေပး၊ အမွန္တရားတစ္ခုအတြက္ အခ်ိန္မဆြဲပါနဲ႔ စသျဖင့္ ဗီႏိုင္းေထာင္၍ ခန္းမအတြင္း ဆႏၵျပခဲ့ၾကသည္။

ဇန္န၀ါရီ ၂၈ ရက္၊ နံနက္ပုိင္း၌ ေနျပည္ေတာ္ MCC ခန္းမတြင္ ပညာေရး၀န္ႀကီးဌာနမွ ပညာေရးဖြံ႕ၿဖိဳးတုိးတက္ မႈ အေကာင္အထည္ေဖာ္ေရ နွီးေႏွာဖလွယ္ပြဲ၌ အတုိင္ပင္ခံမိန္႔ခြန္းေျပာၾကားစဥ္ ပညာေရးေကာလိပ္မွ တကသအဖြဲ႕၀င္မ်ားက ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia

(Unicode)
“အနောက်မှာ ဒါတွေကို တစ်ယောက်နဲ့တစ်ယောက် အချေအတင်ပြောနေလည်း အလကားပဲ။ ထောင်ပြတဲ့ ဟာတွေကိုလည်း ဒီကမြင်ကိုမမြင်ရတာ။ အဲ့တော့ ဒါဘာမှထိရောက်မှုတော့ ရှိမှာမဟုတ်ဘူး” နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံ ပညာရေးတိုးတက်မှုနှီးနှောဖလှယ်ပွဲ မိန့်ခွန်းပြောစဉ် ပညာရေးကောလိပ်မှ တကသ ကျောင်းသားများ ခန်းမအတွင်းမတ်တပ်ရပ်၍ ဆန္ဒထုတ်ဖော်မှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံ၏ပြောဆိုချက်
……………………………………………………………

အနောက်မှာ ဒါတွေကို တစ်ယောက်နဲ့တစ်ယောက် အချေအတင်ပြောနေလည်း အလကားပဲ။ ထောင်ပြတဲ့ ဟာတွေကိုလည်း ဒီကမြင်ကိုမမြင်ရတာ။ အဲ့တော့ ဒါဘာမှထိရောက်မှုတော့ ရှိမှာမဟုတ်ဘူး။ နောက်ပြီး တော့လည်း ဒီလို အခမ်းအနားတွေကို ကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက် ကိုယ်တစ်ယောက်တည်းရဲ့အမြင် အတွက် အသုံးမချပါနဲ့။ ဒါဟာလုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရပါမယ်။ စည်းကမ်းဆိုတာလည်း ကိုယ့်စည်းကို ကိုယ်ထိန်းရပါမယ်။ နောက် ကနေပြီးတော့ ဘာတွေပဲထောင်ပြထောင်ပြ ဒီကလည်း မမြင်ရဘူး။ မမြင်ရတော့ ဘာမှထူးမှာမဟုတ်ဘူး။ တင်ပြချင်တယ်ဆိုရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်။ ဒါကိုပွင့်ပွင့်လင်းလင်း ကိုယ့်ဘာသာ ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်အမြင်တွေကို တင်ပြနိုင်ပါတယ်။ ဒီလိုအခမ်းအနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်စည်းကိုယ်စောင့်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မခဏခဏပြောပါတယ်။ အခွင့်အရေးရှိသလို ကိုယ့်မှာတာဝန်ရှိတယ်။ အခွင့်အရေး ကိုပဲကြည့်ပြီးတော့ တာဝန်မလေးစားဘူးဆိုရင် ကျွန်မတို့နိုင်ငံက ဘယ်တော့မှတိုးတက်လာမှာမဟုတ်ပါဘူး။ ဒီမှာပြဿနာနဲ့ပတ်သက်လို့ ကျွန်မပြောချင်ပါတယ်။ ကျွန်မအမြဲပဲပြောပါတယ်။ ပြဿနာက ပြဿနာ မဟုတ်ဘူး။ ပြဿနာကိုဖြေရှင်းပုံဖြေရှင်းနည်းမှန်ဖို့ကသာ ပြဿနာဖြစ်ပါတယ်။ ပြဿနာကို ဖြေရှင်းပုံဖြေရှင်း နည်းမမှန်လို့ရှိရင် ဘယ်ပြဿနာကိုမှ ကျွန်မတို့ရေရှည်အတွက် ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံ ပညာရေးဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ မိန့်ခွန်းပြောကြားစဉ် ပညာရေးကောလိပ်မှ တကသကျောင်းသားများ ဆန္ဒထုတ်ဖော်တောင်းဆိုမှု

မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံစီးပွားတက်နိုင်ပါသလား၊ စီမံခန့်ခွဲမှုအလွဲများအား ချက်ချင်းပြုပြင် ပေး၊ သုတေသနမရှိသော အစမ်းသပ်ခံပညာရေးစနစ်အလိုမရှိ၊ မန္တလေးတက္ကသိုလ်သပိတ်ကို ချက်ချင်းဖြေရှင်း ပေး၊ အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနဲ့ စသဖြင့် ဗီနိုင်းထောင်၍ ခန်းမအတွင်း ဆန္ဒပြခဲ့ကြသည်။

ဇန်နဝါရီ ၂၈ ရက်၊ နံနက်ပိုင်း၌ နေပြည်တော် MCC ခန်းမတွင် ပညာရေးဝန်ကြီးဌာနမှ ပညာရေးဖွံ့ဖြိုးတိုးတက် မှု အကောင်အထည်ဖော်ရေ နှီးနှောဖလှယ်ပွဲ၌ အတိုင်ပင်ခံမိန့်ခွန်းပြောကြားစဉ် ပညာရေးကောလိပ်မှ တကသအဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia


Share this post