• Follow Us on

Home ႐ုရွားထုတ္ တန္ဖိုးျမင့္ Su-30SME တိုက္ေလယာဥ္ ၆ စင္း ယခုႏွစ္အတြင္း၌ ျမန္မာနိုင္ငံ လက္ခံရမည္

႐ုရွားထုတ္ တန္ဖိုးျမင့္ Su-30SME တိုက္ေလယာဥ္ ၆ စင္း ယခုႏွစ္အတြင္း၌ ျမန္မာနိုင္ငံ လက္ခံရမည္

Share this post

ေမာ္စကို၊ ဇန္နဝါရီ ၂၈

၂၀၁၈ ခုႏွစ္တုန္းက တစ္စင္းကို အေမရိကန္ေဒၚလာ ၃၄ သန္းနဲ႕႐ုရွားနိုင္ငံကမွာယူခဲ့တဲ့ Su-30SME တိုက္ေလယာဥ္ ၆ စင္းကို ယခုႏွစ္မွာ ျမန္မာနိုင္ငံလက္ခံရဖို႔ရွိေနပါတယ္။

ေနာက္ထပ္ Su-30SMEတိုက္ေလယာဥ္ေတြ ျမန္မာနိုင္ငံက ထပ္မွာနိုင္တယ္လို႔ တခ်ိဳ႕ကြၽမ္းက်င္သူေတြကေျပာပါတယ္။

လက္ရွိမွာေတာ့ ျမန္မာနိုင္ငံလက္ခံရမယ့္တိုက္ေလယာဥ္ေတြကို စက္႐ုံမွာစမ္းသပ္စစ္ေဆးမႈေတြလုပ္ေနပါၿပီ။

Su-30SMEတိုက္ေလယာဥ္ေတြဟာ နယ္ေျမေပါင္းစည္းမႈကာကြယ္ဖို႔နဲ႕ အၾကမ္းဖက္သ မားေတြကိုတြန္းလွန္ဖို႔ ျမန္မာ့ေလတပ္ရဲ႕အဓိကဂ်က္တိုက္ေလယာဥ္ေတြျဖစ္လာမယ္လို႔ ယုံၾကည္ခ်က္ရွိတယ္ဆိုၿပီး ႐ုရွားနိုင္ငံဘက္က ေဖာ္ထုတ္ေျပာဆိုေနပါတယ္။

၂၀၁၈ ခုႏွစ္ႏွစ္နိုင္ငံသေဘာတူညီခ်က္အရ Su-30SME တိုက္ေလယာဥ္ေတြ ႐ုရွားနိုင္ငံကတည္ေဆာက္ေနၿပီလို႔ ျမန္မာ့တပ္မေတာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဴပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ႐ုရွားနိုင္ငံကိုေရာက္ရွိခဲ့စဥ္ Sputnikသတင္းေအဂ်င္စီကိုေျပာခဲ့ပါတယ္။

Su-30SME တိုက္ေလယာဥ္ေတြဟာ ႐ုရွားနိုင္ငံက Sukhoiကုမၸဏီထုတ္ Su-30SMတိုက္ေလယာဥ္အမ်ိဳးအစားရဲ႕နိုင္ငံျခားတင္ပို႔ေရာင္းခ်တဲ့ေမာ္ဒယ္ျဖစ္ၿပီး United Aircraft Corporationရဲ႕အဆိုအရ တိက်တဲ့လက္နက္ခဲယမ္းေတြတပ္ဆင္ထားတဲ့အဲဒီေလယာဥ္ေတြဟာ ေဝဟင္မွေဝဟင္နဲ႕ ေဝဟင္မွေျမျပင္စစ္ဆင္ေရးေတြေဆာင္႐ြက္နိုင္တယ္လို႔ သိရပါတယ္။

Source- Global Defence Corporation

#peoplemedia #SU30

[Unicode]
ရုရှားထုတ် တန်ဖိုးမြင့် Su-30SME တိုက်လေယာဉ် ၆ စင်း အခုနှစ်အတွင်း၌ မြန်မာနိုင်ငံ လက်ခံရမည်
…………………………………………………………………………..

မော်စကို၊ ဇန်နဝါရီ ၂၈

၂၀၁၈ ခုနှစ်တုန်းက တစ်စင်းကို အမေရိကန်ဒေါ်လာ ၃၄ သန်းနဲ့ရုရှားနိုင်ငံကမှာယူခဲ့တဲ့ Su-30SMEတိုက်လေယာဉ် ၆ စင်းကို အခုနှစ်မှာ မြန်မာနိုင်ငံလက်ခံရဖို့ရှိနေပါတယ်။

နောက်ထပ် Su-30SMEတိုက်လေယာဉ်တွေ မြန်မာနိုင်ငံက ထပ်မှာနိုင်တယ်လို့ တချို့ကျွမ်းကျင်သူတွေကပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံလက်ခံရမယ့်တိုက်လေယာဉ်တွေကို စက်ရုံမှာစမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါပြီ။

Su-30SMEတိုက်လေယာဉ်တွေဟာ နယ်မြေပေါင်းစည်းမှုကာကွယ်ဖို့နဲ့ အကြမ်းဖက်သ မားတွေကိုတွန်းလှန်ဖို့ မြန်မာ့လေတပ်ရဲ့အဓိကဂျက်တိုက်လေယာဉ်တွေဖြစ်လာမယ်လို့ ယုံကြည်ချက်ရှိတယ်ဆိုပြီး ရုရှားနိုင်ငံဘက်က ဖော်ထုတ်ပြောဆိုနေပါတယ်။

၂၀၁၈ ခုနှစ်နှစ်နိုင်ငံသဘောတူညီချက်အရ Su-30SME တိုက်လေယာဉ်တွေ ရုရှားနိုင်ငံကတည်ဆောက်နေပြီလို့ မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံကိုရောက်ရှိခဲ့စဉ် Sputnikသတင်းအေဂျင်စီကိုပြောခဲ့ပါတယ်။

Su-30SME တိုက်လေယာဉ်တွေဟာ ရုရှားနိုင်ငံက Sukhoiကုမ္ပဏီထုတ် Su-30SMတိုက်လေယာဉ်အမျိုးအစားရဲ့နိုင်ငံခြားတင်ပို့ရောင်းချတဲ့မော်ဒယ်ဖြစ်ပြီး United Aircraft Corporationရဲ့အဆိုအရ တိကျတဲ့လက်နက်ခဲယမ်းတွေတပ်ဆင်ထားတဲ့အဲဒီလေယာဉ်တွေဟာ ဝေဟင်မှဝေဟင်နဲ့ ဝေဟင်မှမြေပြင်စစ်ဆင်ရေးတွေဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

Source- Global Defence Corporation

#peoplemedia #SU30


Share this post