• Follow Us on

Home အေမရိကန္တပ္ဖြဲ႕၀င္ခ်ထားစရိတ္ ၈ ဘီလီယံေပးရန္ ဂ်ပန္ကို အေမရိကန္ေတာင္းဆို

အေမရိကန္တပ္ဖြဲ႕၀င္ခ်ထားစရိတ္ ၈ ဘီလီယံေပးရန္ ဂ်ပန္ကို အေမရိကန္ေတာင္းဆို

Share this post

အေမရိကန္တပ္ဖြဲ႕၀င္ေတြခ်ထားမႈအတြက္ ဂ်ပန္ႏုိင္ငံရဲ႕ ႏွစ္စဥ္အသံုးစရိတ္ေပးေခ်မႈကို အေမရိကန္ေဒၚလာ ၂ ဘီလီယံက ၈ ဘီလီယံအထိ တိုးျမွင့္ေပးဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဂ်ပန္ကို ေတာင္းဆိုထားတယ္ လို႔ Foreign Policy က ေဖာ္ျပခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႕၀င္အေရအတြက္ဟာ ၅၄,၀၀၀ အထိရွိေနတာျဖစ္ပါတယ္။ အေမရိ ကန္နဲ႔ ဂ်ပန္ႏုိင္ငံတို႔ တပ္ခ်ထားမႈသေဘာတူညီခ်က္ဟာ ၂၀၂၁ ခုႏွစ္ မတ္လမွာ ကုန္ဆံုးမွာျဖစ္ပါတယ္။

အခုလိုေတာင္းဆိုမႈကို ၿပီးခဲ့တဲ့ ဇူလိုင္လက ဂၽြန္ဘိုလ္တန္ရဲ႕ ေဒသတြင္းခရီးစဥ္မွာျပဳလုပ္ခဲ့တာလို႔ Foreign Policy က ေဖာ္ျပခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ Foreing Policy ရဲ႕ ေဖာ္ျပခ်က္ဟာ မမွန္ကန္ဘူးလို႔ ျငင္းဆိုထားၿပီး အေမရိကန္နဲ႔ သေဘာတူညီခ်က္အတြက္ ေဆြးေႏြးရျခင္းမရွိေသးဘူးလို႔ ေျပာပါတယ္။

အခုသတင္းနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရအရာရွိေတြဘက္က မီဒီယာေတြရဲ႕ ေမးျမန္းမႈကို ေျဖၾကားျခင္း မရွိေသးပါဘူး။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ေတာင္ကိုရီးယားႏုိင္ငံကိုလည္း အေမရိကန္တပ္ဖြဲ႕၀င္ ေတြ က်ထားတဲ့စရိတ္ကို တိုးျမွင့္ေပးဖို႔ ေတာင္းဆိုထားခဲ့ၿပီးျဖစ္ပါတယ္။

Ref; Reuters

#PeopleMedia #International

(Unicode)
အမေရိကန်တပ်ဖွဲ့ဝင်ချထားစရိတ် ၈ ဘီလီယံပေးရန် ဂျပန်ကို အမေရိကန်တောင်းဆို
…………………………………………………………

အမေရိကန်တပ်ဖွဲ့ဝင်တွေချထားမှုအတွက် ဂျပန်နိုင်ငံရဲ့ နှစ်စဉ်အသုံးစရိတ်ပေးချေမှုကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံက ၈ ဘီလီယံအထိ တိုးမြှင့်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်ကို တောင်းဆိုထားတယ် လို့ Foreign Policy က ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ဟာ ၅၄,၀၀၀ အထိရှိနေတာဖြစ်ပါတယ်။ အမေရိ ကန်နဲ့ ဂျပန်နိုင်ငံတို့ တပ်ချထားမှုသဘောတူညီချက်ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

အခုလိုတောင်းဆိုမှုကို ပြီးခဲ့တဲ့ ဇူလိုင်လက ဂျွန်ဘိုလ်တန်ရဲ့ ဒေသတွင်းခရီးစဉ်မှာပြုလုပ်ခဲ့တာလို့ Foreign Policy က ဖော်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ Foreing Policy ရဲ့ ဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပြီး အမေရိကန်နဲ့ သဘောတူညီချက်အတွက် ဆွေးနွေးရခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

အခုသတင်းနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအရာရှိတွေဘက်က မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခြင်း မရှိသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားနိုင်ငံကိုလည်း အမေရိကန်တပ်ဖွဲ့ဝင် တွေ ကျထားတဲ့စရိတ်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုထားခဲ့ပြီးဖြစ်ပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post