• Follow Us on

Home ထိုင်းနိုင်ငံစစ်လက်နက်ပြပွဲတွင် မြန်မာ့တပ်မတော်ထုတ် စစ်လက်နက်များ ပထမဦးဆုံးအကြိမ်ပါဝင်ပြသ


Share this post




(Unicode)
ထိုင်းနိုင်ငံစစ်လက်နက်ပြပွဲတွင် မြန်မာ့တပ်မတော်ထုတ် စစ်လက်နက် များ ပထမဦးဆုံးအကြိမ်ပါဝင်ပြသ
……………………………………………………………

ထိုင်းနိုင်ငံ IMPACT ပြခန်းနဲ့ ကွန်ဗင်းရှင်းစင်တာမှာ Defense and Security 2019 ပြပွဲအခမ်းအနားကို နိုဝင် ဘာ ၁၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တပ်မတော် ကပစ ထုတ် MA Series အသစ်တွေနဲ့ MAS အသစ် တွေကို ပြသသွားမှာဖြစ်ပါတယ်။

အခုပြပွဲမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကာကွယ်ရေးနဲ့ စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၁၅၀ ကျော်က ပါဝင် ပြသကြမှာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ကပစထုတ် MA Series နဲ့ MAS အသစ်တွေကို ပထမဦး အကြိမ်အနေနဲ့ အခုပြပွဲမှာ ပါဝင်ပြသခဲ့တာပါ။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွေဟာလည်း Defense & Security 2019 နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။

#PeopleMedia #International


Share this post