• Follow Us on

Home အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကို သမၼတကေတာ္ေဟာင္းမစ္ခ်ယ္ အိုဘားမားေ၀ဖန္

အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကို သမၼတကေတာ္ေဟာင္းမစ္ခ်ယ္ အိုဘားမားေ၀ဖန္

Share this post

ဝါ႐ွင္တန္၊ ၾသဂုတ္ ၁၈

သမၼတေလာင္းဂ်ိဳး ဘိုင္ဒန္ကို ဒီမိုကရက္မ်ားက မဲဆြယ္ရန္ႀကိဳးစားေနခ်ိန္တြင္ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ကို သမၼတကေတာ္ေဟာင္း မစ္ခ်ယ္ အိုဘားမားက ထိုးႏွက္ေ၀ဖန္လိုက္သည္။

“ေဒၚနယ္ ထရမ့္ဟာ ကၽြန္မတို႔ႏိုင္ငံအတြက္ လြဲမွားေနတဲ့သမၼတျဖစ္ေနပါတယ္။ ”ဟု ဒီမိုကရက္ပါတီညီလာခံသို႔ေပးပို႔သည့္ ႐ုပ္သံသတင္းစကားတြင္ မစၥအိုဘားမားက စိတ္ထိခိုက္စြာေျပာသည္။

ထရမ့္၏ရီပတ္ဘလစ္ကန္ပါတီမွသူ႔ကိုသေဘာမက်သည့္ပါတီ၀င္မ်ားကလည္း ဒီမိုကရက္ပါတီညီလာခံတြင္ သူ႔ကို ေ၀ဖန္ေျပာဆိုၾကသည္။

လာမည့္ႏို၀င္ဘာ ၃ ရက္တြင္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူအမ်ားမစုေ၀းဘဲ ႀကိဳတင္မွတ္တမ္းတင္ထားသည့္မွတ္တမ္းတင္႐ုပ္သံမ်ားျဖင့္ ဒီမိုကရက္ပါတီညီလာခံ က်င္းပေနျခင္းျဖစ္သည္။

လာမည့္တစ္ပတ္တြင္က်င္းပမည့္ရီပတ္ဘလစ္ကန္ပါတီညီလာခံတြင္လည္း အလားတူက်င္းပရန္႐ွိေနသည္။

Ref : Democratic convention: Michelle Obama blasts Trump

#PeopleMedia

(unicode)
အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို သမ္မတကတော်ဟောင်းမစ်ချယ် အိုဘားမားဝေဖန်
……………………………………………………

ဝါရှင်တန်၊ ဩဂုတ် ၁၈

သမ္မတလောင်းဂျိုး ဘိုင်ဒန်ကို ဒီမိုကရက်များက မဲဆွယ်ရန်ကြိုးစားနေချိန်တွင် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို သမ္မတကတော်ဟောင်း မစ်ချယ် အိုဘားမားက ထိုးနှက်ဝေဖန်လိုက်သည်။

“ဒေါ်နယ် ထရမ့်ဟာ ကျွန်မတို့နိုင်ငံအတွက် လွဲမှားနေတဲ့သမ္မတဖြစ်နေပါတယ်။ ”ဟု ဒီမိုကရက်ပါတီညီလာခံသို့ပေးပို့သည့် ရုပ်သံသတင်းစကားတွင် မစ္စအိုဘားမားက စိတ်ထိခိုက်စွာပြောသည်။

ထရမ့်၏ရီပတ်ဘလစ်ကန်ပါတီမှသူ့ကိုသဘောမကျသည့်ပါတီဝင်များကလည်း ဒီမိုကရက်ပါတီညီလာခံတွင် သူ့ကို ဝေဖန်ပြောဆိုကြသည်။

လာမည့်နိုဝင်ဘာ ၃ ရက်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများမစုဝေးဘဲ ကြိုတင်မှတ်တမ်းတင်ထားသည့်မှတ်တမ်းတင်ရုပ်သံများဖြင့် ဒီမိုကရက်ပါတီညီလာခံ ကျင်းပနေခြင်းဖြစ်သည်။

လာမည့်တစ်ပတ်တွင်ကျင်းပမည့်ရီပတ်ဘလစ်ကန်ပါတီညီလာခံတွင်လည်း အလားတူကျင်းပရန်ရှိနေသည်။

Ref : Democratic convention: Michelle Obama blasts Trump

#PeopleMedia


Share this post