• Follow Us on

Home ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ တရားမဝင္ ေရႊတူးေဖာ္ေနသည့္ စက္ေလွအစီး ၂၀ ဖမ္းဆီးႏိုင္ခဲ့

ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ တရားမဝင္ ေရႊတူးေဖာ္ေနသည့္ စက္ေလွအစီး ၂၀ ဖမ္းဆီးႏိုင္ခဲ့

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၁၈

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ႏွင့္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္တြင္ စက္ေလွမ်ားျဖင့္ တရားမဝင္ေရႊတူးေဖာ္ေနသည့္ စက္ေလွ စုစုေပါင္း အစီး(၂၀)ကို တစ္ရက္အတြင္း ဖမ္းဆီးရမိခဲ့ၿပီး ထို႔အျပင္ တရားခံ(၆)ဦးကိုပါ ဖမ္းမိခဲ့ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံးမွ သိရသည္။

အဆိုပါ တရားမဝင္ေရႊတူးေဖာ္ေနသည့္ စက္ေလွမ်ားကို အက်ဲေက်းရြာအုပ္စု၊ ခိုင္ေတာင္ကြၽန္းမွ (၈)စီး၊ ေခါင္ဖူးေက်းရြာအုပ္စု၊ေရၾကည္ေက်းရြာ တစ္ဖက္ကမ္းရွိ ငွက္ေပ်ာ္ကြၽန္းအနီးမွ (၅)စီး၊ ဟိုးကပ္ေက်းရြာအနီးမွ (၃)စီးႏွင့္ ေခါင္ဖူးေက်းရြာေဟာင္းအနီးမွ (၄)စီး စုစုေပါင္း(၂၀)စီးကို ယမန္ေန႔က ဖမ္းဆီးရမိခဲ့ၿပီး တရားမဝင္ ေရႊလုပ္ကိုင္သူ တရားခံေျခာက္ဦးအထိ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံးမွသိရသည္။

ဖမ္းဆီးရမိခဲ့သည့္ တရားခံ(၆)ဦးမွာ ေခါင္းဖူးေက်းရြာေဟာင္း အနီး စက္ေလွေလးစီးဖမ္းဆီးရမႈမွ တရားခံ(၃)ဦး၊ ဟိုးကပ္ေက်းရြာအနီး စက္ေလွသုံးစီး ဖမ္းဆီးရမႈမွ တရားခံ (၃)ဦး တို႔ ဖမ္းဆီးႏိုင္ခဲ့ၿပီး ေရေၾကာင္း ျဖစ္ေသာေၾကာင့္တရားခံဖမ္းဆီးႏိုင္ေရးတြင္ အခက္အခဲရွိေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ရဲမွဴးျမင့္မိုးကဆိုသည္။

”သူတို႔က ေရထဲမွာလုပ္တဲ့ အလုပ္ဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စက္ေလွကို အေဝးကေနျမင္တာနဲ႔ သူတို႔က ေရထဲခုန္ဆင္းတယ္။ တခ်ိဳ႕က ၿမိဳ႕ကေနထြက္ၿပီ ဆိုတာနဲ႔ ဒီကေနဖုန္းနဲ႔လွမ္းၿပီးေတာ့ အေၾကာင္းၾကားတယ္။ အေၾကာင္းၾကားတဲ့ အခါၾကေတာ့ သူတို႔က စက္ေလွေတြကို သယ္လို႔မရေအာင္ ပတ္သားႀကိဳးေတြ ျဖတ္တယ္၊ ဆီပိုက္ေတြကိုျဖတ္တယ္။ အင္ဂ်င္ထဲကို သဲေတြထည့္ထားတယ္ အဲလိုေပါ႔၊ အမ်ိဳးစုံစက္ေလွကို သယ္လို႔မရေအာင္ ေမာင္းလို႔ မရေအာင္လုပ္ခဲ့ၿပီးမွ သူတို႔က ကုန္းေပၚမွာ ကြၽန္းေတြရွိတဲ့မွာကိုင္းေတာေတြထဲမွာ အခင္းေတြထဲမွာ ဝင္ၿပီးေတာ့မွ ေနလိုက္တဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔က ဒီစက္ေလွသမားက သူပါဆိုတာမသိဘူး။ အဲ့တာေၾကာင့္ပိုင္ရွင္မဲ့ေတြျဖစ္ရတဲ့အေၾကာင္းရင္းက အဲဒါတာပဲ”ဟု ရဲမွဴး ျမင့္မိုးက ေျပာသည္။

ယင္းေန႔က ဖမ္းဆီးရမိခဲ့သည့္ စက္ေလွအစီး (၂၀)အနက္ (၇)စီးကို သတၱဳတြင္းဥပေဒပုဒ္မ-၃၀ (က)အရ သတၱဳတြင္း ဦးစီးဌာန (ကခ်င္ျပည္နယ္႐ုံးခြဲ)မွ လက္ေထာက္ၫြန္ၾကားေရးမွဴး ဦးေက်ာ္ျမင့္သူမွ တရားလိုျပဳလုပ္၍ အမႈဖြင့္ထားၿပီ ျဖစ္ေၾကာင္းသိရက်န္ရွိေနသည့္ ဖမ္းဆီးရမိစက္ေလွမ်ားကိုလည္း တရားဥပေဒအရ အေရးယူေဆာင္ရြက္ရန္ ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတၱဳတြင္း ဥပေဒပုဒ္မ-၃၀(က)သည္ အျမင့္ဆုံး ျပစ္ဒဏ္ ေထာင္ဒဏ္(၁၀)ႏွစ္ေသာ္ လည္းေကာင္း ေငြဒဏ္က်ပ္သိန္း (၅၀) ေသာ္လည္းေကာင္း က်ခံႏိုင္ေၾကာင္း ရဲမွဴးျမင့္မိုးက ထည့္သြင္း ေျပာဆိုသည္။

ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္တရားမဝင္ေရႊတူးေဖာ္ေနသည့္ စက္ေလွမ်ားကို ယခုႏွစ္ ႏွစ္ဝက္အတြင္း စုစုေပါင္း (၂၃)စီး အထိဖမ္းဆီးႏိုင္ခဲ့ၿပီျဖစ္ၿပီး ယခင္ႏွစ္ ၂၀၁၉ခုႏွစ္က (၁၀)စီးအထိ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္း – လြမ္းေအာင္

ဓာတ္ပုံ – ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံး

#PeopleMedia

[Unicode]
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖော်နေသည့် စက်လှေအစီး ၂၀ ဖမ်းဆီးနိုင်ခဲ့
……………………………………………………………………….

မြစ်ကြီးနား၊ သြဂုတ် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စက်လှေများဖြင့် တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေ စုစုပေါင်း အစီး(၂၀)ကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ပြီး ထို့အပြင် တရားခံ(၆)ဦးကိုပါ ဖမ်းမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေများကို အကျဲကျေးရွာအုပ်စု၊ ခိုင်တောင်ကျွန်းမှ (၈)စီး၊ ခေါင်ဖူးကျေးရွာအုပ်စု၊ရေကြည်ကျေးရွာ တစ်ဖက်ကမ်းရှိ ငှက်ပျော်ကျွန်းအနီးမှ (၅)စီး၊ ဟိုးကပ်ကျေးရွာအနီးမှ (၃)စီးနှင့် ခေါင်ဖူးကျေးရွာဟောင်းအနီးမှ (၄)စီး စုစုပေါင်း(၂၀)စီးကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ရွှေလုပ်ကိုင်သူ တရားခံခြောက်ဦးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားခံ(၆)ဦးမှာ ခေါင်းဖူးကျေးရွာဟောင်း အနီး စက်လှေလေးစီးဖမ်းဆီးရမှုမှ တရားခံ(၃)ဦး၊ ဟိုးကပ်ကျေးရွာအနီး စက်လှေသုံးစီး ဖမ်းဆီးရမှုမှ တရားခံ (၃)ဦး တို့ ဖမ်းဆီးနိုင်ခဲ့ပြီး ရေကြောင်း ဖြစ်သောကြောင့်တရားခံဖမ်းဆီးနိုင်ရေးတွင် အခက်အခဲရှိကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးမြင့်မိုးကဆိုသည်။

”သူတို့က ရေထဲမှာလုပ်တဲ့ အလုပ်ဆိုတော့ ကျွန်တော်တို့ရဲ့ စက်လှေကို အဝေးကနေမြင်တာနဲ့ သူတို့က ရေထဲခုန်ဆင်းတယ်။ တချို့က မြို့ကနေထွက်ပြီ ဆိုတာနဲ့ ဒီကနေဖုန်းနဲ့လှမ်းပြီးတော့ အကြောင်းကြားတယ်။ အကြောင်းကြားတဲ့ အခါကြတော့ သူတို့က စက်လှေတွေကို သယ်လို့မရအောင် ပတ်သားကြိုးတွေ ဖြတ်တယ်၊ ဆီပိုက်တွေကိုဖြတ်တယ်။ အင်ဂျင်ထဲကို သဲတွေထည့်ထားတယ် အဲလိုပေါ့၊ အမျိုးစုံစက်လှေကို သယ်လို့မရအောင် မောင်းလို့ မရအောင်လုပ်ခဲ့ပြီးမှ သူတို့က ကုန်းပေါ်မှာ ကျွန်းတွေရှိတဲ့မှာကိုင်းတောတွေထဲမှာ အခင်းတွေထဲမှာ ဝင်ပြီးတော့မှ နေလိုက်တဲ့အခါကြတော့ ကျွန်တော်တို့က ဒီစက်လှေသမားက သူပါဆိုတာမသိဘူး။ အဲ့တာကြောင့်ပိုင်ရှင်မဲ့တွေဖြစ်ရတဲ့အကြောင်းရင်းက အဲဒါတာပဲ”ဟု ရဲမှူး မြင့်မိုးက ပြောသည်။

ယင်းနေ့က ဖမ်းဆီးရမိခဲ့သည့် စက်လှေအစီး (၂၀)အနက် (၇)စီးကို သတ္တုတွင်းဥပဒေပုဒ်မ-၃၀ (က)အရ သတ္တုတွင်း ဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်မြင့်သူမှ တရားလိုပြုလုပ်၍ အမှုဖွင့်ထားပြီ ဖြစ်ကြောင်းသိရကျန်ရှိနေသည့် ဖမ်းဆီးရမိစက်လှေများကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

သတ္တုတွင်း ဥပဒေပုဒ်မ-၃၀(က)သည် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ်(၁၀)နှစ်သော် လည်းကောင်း ငွေဒဏ်ကျပ်သိန်း (၅၀) သော်လည်းကောင်း ကျခံနိုင်ကြောင်း ရဲမှူးမြင့်မိုးက ထည့်သွင်း ပြောဆိုသည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေများကို ယခုနှစ် နှစ်ဝက်အတွင်း စုစုပေါင်း (၂၃)စီး အထိဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပြီး ယခင်နှစ် ၂၀၁၉ခုနှစ်က (၁၀)စီးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း – လွမ်းအောင်

ဓာတ်ပုံ – မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး

#PeopleMedia


Share this post