• Follow Us on

Home အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အား ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ရန္ ေနာ္ေဝလြတ္ေတာ္အမတ္ အဆိုျပဳ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အား ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ရန္ ေနာ္ေဝလြတ္ေတာ္အမတ္ အဆိုျပဳ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၀

အေရွ႕အလယ္ပိုင္းေဒသ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈမ်ားေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အား ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ရန္ အဆိုျပဳခဲ့ေၾကာင္း ေနာ္ေဝ လက္ယာယိမ္း ဥပေဒျပဳလႊတ္ေတာ္အမတ္တစ္ဦး က ေျပာၾကားခဲ့သည္။

လက္ယာယိမ္း ပ႐ိုဂရက္ဆက္ပါတီ၏ ေနာ္ေဝလႊတ္ေတာ္အမတ္ျဖစ္သူ ခရစ္ရွန္တိုင္ဘရင္းဂ်ီဒီက အေရွ႕ အလယ္ပိုင္းေဒသ၌ ၿငိမ္းခ်မ္းေရးလမ္းဖြင့္ေပးသည့္ ယူေအအီးႏွင့္ အစၥေရးႏိုင္ငံတို႔ၾကား ၿငိမ္းခ်မ္းေရး သေဘာတူ ညီခ်က္တစ္ရပ္ ရရွိေစသည့္ႀကိဳးပမ္းမႈေၾကာင့္ သမၼတ ထရမ့္ကို ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအတြက္ ထည့္သြင္းစဉ္း စားသင့္ေၾကာင္း ေျပာၾကားခဲ့သည္။

“သမၼတ ထရမ့္က အေမရိကန္ႏိုင္ငံမွာ ဘယ္လိုပဲ ျပဳမူၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာခ်င္တာေျပာပါ ေစ သူ့မွာ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရး ရရွိပိုင္ခြင့္ရွိပါတယ္” ဟု ၄င္းက ေျပာၾကားခဲ့သည္။

သမၼတ ေဒၚနယ္ထရမ့္အား ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအတြက္ အဆိုျပဳခဲ့ေၾကာင္း၊ ထရမ့္က သတ္မွတ္ စံႏႈန္းမ်ား ျပည့္မီေၾကာင္း သူက ဆိုသည္။

သူ့အား ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအတြက္ အဆိုျပဳထားမႈသတင္းပါ ေဂ်႐ုဆလင္ပို႔စ္သတင္းစာ၏ တြစ္ တာလင့္ခ္ေအာက္၌ သမၼတ ေဒၚနယ္ထရမ့္က “ေက်းဇူးတင္ပါတယ္” ဟု ေရးသားခဲ့သည္။

တိုင္ဘရင္းမွာ ေျမာက္ကိုရီးယားႏွင့္ ေတာင္ကိုရီးယားၾကား ျပန္လည္သင့္ျမတ္ေရး လုပ္ေဆာင္ႏိုင္မႈ ေၾကာင့္ ၂၀၁၈ ခုႏွစ္ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအား ေဒၚနယ္ထရမ့္အား ခ်ီးျမႇင့္ရန္ အဆိုျပဳခဲ့သူ လႊတ္ေတာ္အမတ္ တစ္ဦး ျဖစ္ခဲ့သည္။

သို႔ေသာ္လည္း ဗဟိုယိမ္းကြန္ဆာ ေဗးတစ္ပါတီမွ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္ၿပီး တိုင္ဘရင္း၏ သမီး ျဖစ္သူ မတ္သီဒီက ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုအတြက္ သမၼတ ေဒၚနယ္ထရမ့္အား အဆိုျပဳမႈကို ေဝဖန္ခဲ့သည္။

ကိုးကား – စီဘီအက္စ္နယူးစ္

Ref; Far-right Norwegian politician nominates Trump for the Nobel Peace Prize

#PeopleMedia #EPN

(unicode)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရန် နော်ဝေလွတ်တော်အမတ် အဆိုပြု
…………………………………………………………….

နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရန် အဆိုပြုခဲ့ကြောင်း နော်ဝေ လက်ယာယိမ်း ဥပဒေပြုလွှတ်တော်အမတ်တစ်ဦး က ပြောကြားခဲ့သည်။

လက်ယာယိမ်း ပရိုဂရက်ဆက်ပါတီ၏ နော်ဝေလွှတ်တော်အမတ်ဖြစ်သူ ခရစ်ရှန်တိုင်ဘရင်းဂျီဒီက အရှေ့ အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေးလမ်းဖွင့်ပေးသည့် ယူအေအီးနှင့် အစ္စရေးနိုင်ငံတို့ကြား ငြိမ်းချမ်းရေး သဘောတူ ညီချက်တစ်ရပ် ရရှိစေသည့်ကြိုးပမ်းမှုကြောင့် သမ္မတ ထရမ့်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ထည့်သွင်းစဉ်း စားသင့်ကြောင်း ပြောကြားခဲ့သည်။

“သမ္မတ ထရမ့်က အမေရိကန်နိုင်ငံမှာ ဘယ်လိုပဲ ပြုမူပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောချင်တာပြောပါ စေ သူ့မှာ နိုဘယ်လ်ငြိမ်းချမ်းရေး ရရှိပိုင်ခွင့်ရှိပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုခဲ့ကြောင်း၊ ထရမ့်က သတ်မှတ် စံနှုန်းများ ပြည့်မီကြောင်း သူက ဆိုသည်။

သူ့အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုထားမှုသတင်းပါ ဂျေရုဆလင်ပို့စ်သတင်းစာ၏ တွစ် တာလင့်ခ်အောက်၌ သမ္မတ ဒေါ်နယ်ထရမ့်က “ကျေးဇူးတင်ပါတယ်” ဟု ရေးသားခဲ့သည်။

တိုင်ဘရင်းမှာ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားကြား ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နိုင်မှု ကြောင့် ၂၀၁၈ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအား ဒေါ်နယ်ထရမ့်အား ချီးမြှင့်ရန် အဆိုပြုခဲ့သူ လွှတ်တော်အမတ် တစ်ဦး ဖြစ်ခဲ့သည်။

သို့သော်လည်း ဗဟိုယိမ်းကွန်ဆာ ဗေးတစ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး တိုင်ဘရင်း၏ သမီး ဖြစ်သူ မတ်သီဒီက နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် သမ္မတ ဒေါ်နယ်ထရမ့်အား အဆိုပြုမှုကို ဝေဖန်ခဲ့သည်။

ကိုးကား – စီဘီအက်စ်နယူးစ်

Ref; Far-right Norwegian politician nominates Trump for the Nobel Peace Prize

#PeopleMedia #EPN


Share this post