• Follow Us on

Home အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများ တကျော့ပြန်စံချိန်တင်မြင့်တက်နေ


Share this post

ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများတွင် ကူးစက်ခံရမှုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) ကသတိပေးထားသည်။
#PeopleMedia
(Unicode)
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများ တကျော့ပြန်စံချိန်တင်မြင့်တက်နေ
………………………
ဝါရှင်တန်၊ အောက်တိုဘာ ၂၄
ကူးစက်မှုများပြန်လည်မြင့်တက်နေသည့်အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တကျော့ပြန်စံချိန်တင်မြင့်တက်နေသည်။
သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု၌ အတည်ပြုလူနာ ၈၃၀၁၀ ယောက်ရှိကြောင်း ဒေသအာဏာပိုင်များကိုကိုးကားပြီး COVID Tracking Project ကဖော်ပြသည်။
ဆေးရုံတက်ကုသမှုခံယူသူပိုမြင့်တက်လာနိုင်ကြောင်းနှင့် စောင့်ရှောက်မှုပိုကောင်းလာသဖြင့် သေဆုံးသူလျော့ကျလာနိုင်ကြောင်း အမေရိကန်ခွဲစိတ်ဆရာဝန်အကြီးအကဲ ဂျီရုန်း အက်ဒမ်က သတိပေးသည်။
ဆေးကုမ္ပဏီကြီးများဖြစ်သောအက်စထရာဇီနီကာနှင့် ဂျွန်ဆင်အန်ဂျွန်ဆင်တို့က ခွင့်ပြုချက်များပြန်ရပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို လူသားများတွင်ဆက်လက်စမ်းသပ်နေချိန်တွင် ကူးစက်အတည်ပြုလူနာမြင့်တက်လာခြင်းဖြစ်သည်။
ကမာ္ဘ့မြောက်ခြမ်းနိုင်ငံများတွင် ကူးစက်ခံရမှုမြင့်တက်လာနိုင်ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (W.H.O) ကသတိပေးထားသည်။
Ref: Corona Virus: US cases reach record high amid new waves of infection
#PeopleMedia


Share this post