• Follow Us on

Home အေမရိကန္၊ ဂ်ပန္ႏွင့္ အိႏၵိယတို႔ပါဝင္ေသာ ေရတပ္ေလ့က်င့္မႈတြင္ ၾသစေၾတးလ်နိုင္ငံ ပူးေပါင္းမည္

အေမရိကန္၊ ဂ်ပန္ႏွင့္ အိႏၵိယတို႔ပါဝင္ေသာ ေရတပ္ေလ့က်င့္မႈတြင္ ၾသစေၾတးလ်နိုင္ငံ ပူးေပါင္းမည္

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၀(PeopleMedia)
အေမရိကန္၊ ဂ်ပန္ႏွင့္ အိႏၵိယနိုင္ငံတို႔ပါဝင္ေသာ သုံးနိုင္ငံ ေရတပ္ေလ့က်င့္မႈတြင္ ၾသစေၾတးလ်နိုင္ငံ ပါ ဝင္မည္ဟု အဆိုပါနိုင္ငံမ်ားက ေအာက္တိုဘာလ ၁၉ ရက္တြင္ ေၾကညာခဲ့သည္။
အေမရိကန္၊ ဂ်ပန္ေရတပ္တို႔ႏွင့္ မာလာဘာေခၚ ေရတပ္ေလ့က်င့္မႈမ်ား ႏွစ္စဥ္ျပဳလုပ္ေနက် အိႏၵိယနိုင္ငံ က Quad ေခၚ နိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္ရြက္မႈ လကၡဏာတစ္ခုအျဖစ္ ေနာက္လအတြင္း ဘဂၤလားပင္လယ္ ေအာ္၌ျပဳလုပ္မည့္ စစ္ေရးေလ့က်င့္မႈသို႔ ၾသစေၾတးလ်နိုင္ငံအား ဖိတ္ၾကားရန္ သေဘာတူခဲ့သည္။
အိႏၵိယနိုင္ငံက ပင္လယ္ေရေၾကာင္း လုံျခဳံေရးတြင္ အျခားနိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ရန္ ႀကိဳးပမ္းေနၿပီး ၾသစေၾတးလ်နိုင္ငံႏွင့္ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ခဲ့ျခင္းေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ မာလာဘာ ေရတပ္ေလ့က်င့္မႈတြင္ ၾသစေၾတးလ်ေရတပ္ ပါဝင္မည္ဟု ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။
ၾသစေၾတးလ်နိုင္ငံက ၂၀၀၇ ခုႏွစ္ေနာက္ပိုင္း အဆိုပါ ပူးတြဲစစ္ေရးေလ့က်င့္မႈတြင္ ျပန္လည္ပါဝင္လာမႈ ျဖစ္လာမည္ျဖစ္သည္။
မာလာဘာစစ္ေရးေလ့က်င့္မႈမ်ားက ၾသစေၾတးလ်တပ္မေတာ္အတြက္ သမိုင္းမွတ္တိုင္ အခြင့္အလမ္း တစ္ရပ္ျဖစ္ခဲ့ေၾကာင္း၊ အေရးပါေသာ အင္ဒို-ပစိဖိတ္ေဒသ ဒီမိုကေရစီေလးနိုင္ငံၾကား နက္ရွိုင္းေသာယုံၾကည္မႈႏွင့္ ဘုံလုံျခဳံေရးဆိုင္ရာ အက်ိဳးစီးပြားမ်ားအတြက္ လက္တြဲေဆာင္ရြက္ေသာ မၽွေဝဆႏၵကို ျပသခဲ့ေၾကာင္း ၾသစေၾတး လ် ကာကြယ္ေရးဝန္ႀကီး လင္ဒါေရးနိုးစ္က ေျပာၾကားသည္။
အေမရိကန္၊ ဂ်ပန္၊ အိႏၵိယႏွင့္ ၾသစေၾတးလ်နိုင္ငံတို႔က ေဒသတြင္း ဦးေဆာင္ဒီမိုကေရစီေလးနိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ ညြန္႔ေပါင္းအဖြဲ႕တစ္ခုအျဖစ္ “Quad” ေခၚ အဖြဲ႕အား ဖြဲ႕စည္းခဲ့ၿပီး ပူးတြဲ စစ္ေရးေလ့က်င့္မႈ မ်ားက အဆိုပါအဖြဲ႕၏ ပထမဆုံးေသာ လက္ဆုပ္လက္ကိုင္ျပနိုင္သည့္ လုပ္ေဆာင္ခ်က္ျဖစ္လာမည္ျဖစ္သည္။
ကိုးကား – ရိုက္တာ
Ref; Australia will join naval drills involving the US, Japan and India
(unicode)
အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယတို့ပါဝင်သော ရေတပ်လေ့ကျင့်မှုတွင် သြစတြေးလျနိုင်ငံ ပူးပေါင်းမည်
………………………………………
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀(PeopleMedia)
အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ပါဝင်သော သုံးနိုင်ငံ ရေတပ်လေ့ကျင့်မှုတွင် သြစတြေးလျနိုင်ငံ ပါ ဝင်မည်ဟု အဆိုပါနိုင်ငံများက အောက်တိုဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်၊ ဂျပန်ရေတပ်တို့နှင့် မာလာဘာခေါ် ရေတပ်လေ့ကျင့်မှုများ နှစ်စဉ်ပြုလုပ်နေကျ အိန္ဒိယနိုင်ငံ က Quad ခေါ် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု လက္ခဏာတစ်ခုအဖြစ် နောက်လအတွင်း ဘင်္ဂလားပင်လယ် အော်၌ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသို့ သြစတြေးလျနိုင်ငံအား ဖိတ်ကြားရန် သဘောတူခဲ့သည်။
အိန္ဒိယနိုင်ငံက ပင်လယ်ရေကြောင်း လုံခြုံရေးတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းနေပြီး သြစတြေးလျနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မာလာဘာ ရေတပ်လေ့ကျင့်မှုတွင် သြစတြေးလျရေတပ် ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံက ၂၀၀၇ ခုနှစ်နောက်ပိုင်း အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပြန်လည်ပါဝင်လာမှု ဖြစ်လာမည်ဖြစ်သည်။
မာလာဘာစစ်ရေးလေ့ကျင့်မှုများက သြစတြေးလျတပ်မတော်အတွက် သမိုင်းမှတ်တိုင် အခွင့်အလမ်း တစ်ရပ်ဖြစ်ခဲ့ကြောင်း၊ အရေးပါသော အင်ဒို-ပစိဖိတ်ဒေသ ဒီမိုကရေစီလေးနိုင်ငံကြား နက်ရှိုင်းသောယုံကြည်မှုနှင့် ဘုံလုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများအတွက် လက်တွဲဆောင်ရွက်သော မျှဝေဆန္ဒကို ပြသခဲ့ကြောင်း သြစတြေး လျ ကာကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးစ်က ပြောကြားသည်။
အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့က ဒေသတွင်း ဦးဆောင်ဒီမိုကရေစီလေးနိုင်ငံကြား မဟာဗျူဟာမြောက် ညွန့်ပေါင်းအဖွဲ့တစ်ခုအဖြစ် “Quad” ခေါ် အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှု များက အဆိုပါအဖွဲ့၏ ပထမဆုံးသော လက်ဆုပ်လက်ကိုင်ပြနိုင်သည့် လုပ်ဆောင်ချက်ဖြစ်လာမည်ဖြစ်သည်။
ကိုးကား – ရိုက်တာ
Ref; Australia will join naval drills involving the US, Japan and India


Share this post