• Follow Us on

Home အမြန်လမ်း၌ ဘုရားဖူးယာဉ်နှင့် Canter ယာဉ် လားရာတူ တိုက်မိရာမှ Canter ယာဉ်ပေါ်မှ ကျား ၂ ဦး စိုးရိမ်ရ

အမြန်လမ်း၌ ဘုရားဖူးယာဉ်နှင့် Canter ယာဉ် လားရာတူ တိုက်မိရာမှ Canter ယာဉ်ပေါ်မှ ကျား ၂ ဦး စိုးရိမ်ရ

Share this post

နေပြည်တော် – မန္တလေး မိုင်တိုင် ၃၀၆/၄ ဖာလုံအနီးတွင် ကိုဖိုးထူး မောင်းနှင်လာသည့် ဘုရားဖူးယာဉ်သည် လားရာတူရှေ့မှ မောင်းနှင်လာသည့် Canter ယာဉ်အား နောက်မှ အရှိန်လွန်တိုက်မိပြီး Canter ယာဉ်ပေါ်တွင် ကျား ၆ ဦးအနက် ကျား ၂ ဦး (စိုးရိမ်ရ) ကျား ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။

ဘုရားဖူးယာဉ်ပေါ်တွင် လိုက်ပါလာသူ ကျား ၂၄ ဦး၊ မ ၁၅ ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပါဘူး။ အဆို ပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၆ ရက်၊ နံနက် ၄း၃၀ အချိန်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။


Share this post
https://www.facebook.com/303185163868226/videos/417522779050489/