• Follow Us on

Home အမြန်လမ်း၌ ALPHARD ယာဉ် မီးလောင်၊ ယာဉ်မောင်းသေဆုံး


Share this post

ရန်ကုန်၊ ဇန်နဝါရီ-၃




(unicode)
အမြန်လမ်း၌ ALPHARD ယာဉ် မီးလောင်၊ ယာဉ်မောင်းသေဆုံး
…………………………………………………………………..

ရန်ကုန်၊ ဇန်နဝါရီ-၃

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၃) ရက် နံနက် (၀၈:၄၀)နာရီ ချိန် နေပြည်တော်- မန္တလေး လမ်း မိုင်တိုင် ၃၄၆/၀-၃၄၆/၁ အကြားတွင်ယာဥ်မောင်း (စိစစ်ဆဲ)တစ်ဦးတည်းမောင်းနှင်လာသည့် 9D/ 8611 ALPHARD ခဲရောင်ယာဥ်သည် တံတားဘေး ဘုတ်တိုင်အားတိုက်မိကာ ယာဥ်တိမ်းမှောက် မီးလောင်ပြီး ယာဥ်မောင်းသေဆုံးသွားသည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ စကားအင်းစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အထောက်အကူ ပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိမီးငြိမ်း သတ် မှုကြောင့် (၀၉:၀၃ )နာရီချိန် မီးငြိမ်းခဲ့ကြောင်းဖော်ပြ အပ်ပါသည်။

#PeopleMedia #အမြန်လမ်း


Share this post