• Follow Us on

Home ေကအိုင္ေအမွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ဆယ္တန္းေက်ာင္းသားႏွစ္ဦး အသတ္ ခံရ

ေကအိုင္ေအမွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ဆယ္တန္းေက်ာင္းသားႏွစ္ဦး အသတ္ ခံရ

Share this post

ျမစ္ႀကီးနား၊ ဇူလိုင္ ၂၃

ၿပီးခဲ့သည့္ ရက္ပိုင္းက ဖားကန္႔ၿမိဳ႕နယ္မွာ ေကအိုင္ေအက ဖမ္းဆီး ေခၚေဆာင္သြားသည့္ ဆယ္တန္းေက်ာင္းသားႏွစ္ဦး အသတ္ခံ လိုက္ရတယ္လို႔ ျမန္မာျပည္ေျမာက္ပိုင္း သွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕မွ သိရသည္။

ဇူလိုင္လ ၆ရက္ေန႔က ဖားကန္႔ၿမိဳ႕နယ္ ဝန္ဇင္းေက်းရြာအုပ္စု ေဟာင္ပါးေက်းရြာေဒခံ ဆယ္တန္း ေက်ာင္းသား ႏွစ္ဦးျဖစ္တဲ့ ေမာင္သန္႔ဇင္ေအာင္နဲ႔ ေမာင္မ်ိဴးေဇာ္ဦးတို႔ကို ႐ိုက္ႏွက္ၿပီး ဖမ္းဆီးေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။ ေက်ာင္းသားႏွစ္ဦးကို ေငြက်ပ္သိန္းတစ္ရာနဲ႔ လာေရာက္ေရြးယူရန္ ေကအိုင္ေအဘက္မွ မိဘေတြကို အေၾကာင္းၾကားလာတာေၾကာင့္ အဆိုပါကိစၥကို အေရးယူေပးရန္အတြက္ တာဝန္ရွိသူေတြကို တိုင္ၾကားစာေတြ ပို႔ခဲ့ေပမယ့္ အေရးယူမႈေတြ ျပဳလုပ္ေပးခဲ့ျခင္းလုံးဝမရွခဲ့ဘူးလို႔ ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ အတြင္းေရးမွဴး ဦးစိုင္းမ်ိဳးေဆြက ေျပာပါတယ္။

“တိုင္းမွဴးဆီလိပ္မႈၿပီး ဒီကိစၥကို တိုင္ၾကားခဲ့ပါတယ္။ တိုင္းမွဴးကေတာ့ ဒီကိစၥအတြက္ တာဝန္ရွိတဲ့ သူေတြကို ဖိအားေပးထားပါတယ္လို႔ ေျပာေပမယ့္ ယေန႔အခ်ိန္အထိ တစ္စုံတစ္ရာ စုံစမ္းေဆာင္ရြက္ ေပးတာေတာ့ မေတြ႕ဘူး။ မေတြ႕တဲ့ၾကားထဲမွာ ဒီကေလးေတြက အသတ္ခံလိုက္ရတာပါပဲ” ဟု ဦးစိုင္းမ်ိဳးေဆြက ေျပာပါတယ္။

ယခုႏွစ္ ဇန္နဝါရီလအတြင္းကလည္း ေကအိုင္ေအဘက္က မိုးညႇင္းခ႐ိုင္ အတြင္းနဲ႔ ဗန္းေမာက္ၿမိဳ႕ေတြမွာ အရြယ္မေရာက္ေသးတဲ့ ကေလးေတြနဲ႔ ေက်ာင္းသားေတြကို ဖမ္းဆီးျခင္း၊ ဆက္ေၾကးေတာင္းျခင္း စတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ယခုလို ေဒသခံတိုင္းရင္းသားေတြကို လက္နက္အားကိုးနဲ႔ အႏိုင္က်င့္ ႏွိပ္စက္ ေစာ္ကားမႈေတြ၊ လူ့အခြင့္အေရးခ်ိဳးေဖာက္မႈေတြျပဳလုပ္ေနတဲ့ တိုင္းရင္းသား အဖြဲ႕အစည္းအမည္ခံ ေကအိုင္ေအရဲ႕လုပ္ရပ္ေတြကို ကန္႔ကြက္႐ူတ္ခ်တယ္လို႔လည္း ျမန္မာျပည္ေျမာက္ပိုင္း သွ်မ္းမ်ိဳးႏြယ္စု ေရးရာအဖြဲ႕(S.E.A) အပါအဝင္ ရွမ္းတိုင္းရင္းသားမ်ား စာေပႏွင့္ ယဉ္ေက်းမႈ ေကာ္မတီႏွင့္ ရွမ္းနီႏြယ္ဖြားလူငယ္မ်ားအဖြဲ႕ခ်ဳပ္ (SNYO) တို႔မွလည္း ယခုလအတြင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ၾကပါတယ္။

ေသဆုံးသြားတဲ့ ေက်ာင္းသားတစ္ဦးျဖစ္သူ ေမာင္သန္႔ဇင္ေအာင္ရဲ႕ ဖခင္ျဖစ္သူ ဦးအိုက္ဆန္းမွလည္း “မေသ႐ုံတစ္မယ္ပါပဲ။ ကြၽန္ေတာ္တို႔မွာ ဒီသားေလးတစ္ေယာက္ပဲရွိတာ သားေလးက ဆယ္တန္းေအာင္ရင္ ဘြဲ႕ရေအာင္လုပ္ၿပီး ႏိုင္ငံျခားထြက္ အလုပ္လုပ္မယ္ စိတ္ကူးထားတာ အခုေတာ ေကအိုင္ေအဘက္က ရွမ္းနီသင္တန္းဆင္း ဆိုၿပီး စြပ္စြဲၿပီး ႐ိုက္ႏွက္ေခၚေဆာင္သြားၿပီး လက္လြန္သြားၿပီ ေသသြားၿပီ လို႔ေျပာတယ္။ ကြၽန္ေတာ္တို႔ရဲစခန္းနဲ႔ အုပ္ခ်ဳပ္ေရး႐ုံးကို အေၾကာင္းၾကား ထားေပမယ့္ အေရးယူေဆာင္ရြက္ေပးမႈ ဘာမွမရွိခဲ့ဘူး။ ရဲတို႔ စစ္တပ္တို႔ကလဲ ေကအိုင္ေအနဲ႔ပတ္သက္ၿပီးဘာမွမလုပ္ရဲဘူး”လို႔ ေျပာပါတယ္။

ဖမ္းဆီးခံေက်ာင္းသားေတြ ျပန္လည္လြတ္ေျမာက္ေရးနဲ႔ ေဒသခံ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ လုံၿခဳံမႈရရွိႏိုင္ေစေရး အတြက္ ေဆာင္ရြက္ေပးပါရန္ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ အပါအဝင္ ဌာနဆိုင္ရာအသီးသီးကို တိုင္ၾကားစာေတြ ေပးပို႔ထားတယ္လို႔ ျမန္မာျပည္ေျမာက္ပိုင္း သွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ (S.E.A) ကေန သိရပါတယ္။

သက္ေနာင္

#PeopleMedia

[Unicode]
ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆယ်တန်းကျောင်းသားနှစ်ဦး အသတ် ခံရ
…………………………………………………………………………..

မြစ်ကြီးနား၊ ဇူလိုင် ၂၃

ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့်မြို့နယ်မှာ ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဆယ်တန်းကျောင်းသားနှစ်ဦး အသတ်ခံ လိုက်ရတယ်လို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သိရသည်။

ဇူလိုင်လ ၆ရက်နေ့က ဖားကန့်မြို့နယ် ဝန်ဇင်းကျေးရွာအုပ်စု ဟောင်ပါးကျေးရွာဒေခံ ဆယ်တန်း ကျောင်းသား နှစ်ဦးဖြစ်တဲ့ မောင်သန့်ဇင်အောင်နဲ့ မောင်မျိူးဇော်ဦးတို့ကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားနှစ်ဦးကို ငွေကျပ်သိန်းတစ်ရာနဲ့ လာရောက်ရွေးယူရန် ကေအိုင်အေဘက်မှ မိဘတွေကို အကြောင်းကြားလာတာကြောင့် အဆိုပါကိစ္စကို အရေးယူပေးရန်အတွက် တာဝန်ရှိသူတွေကို တိုင်ကြားစာတွေ ပို့ခဲ့ပေမယ့် အရေးယူမှုတွေ ပြုလုပ်ပေးခဲ့ခြင်းလုံးဝမရှခဲ့ဘူးလို့ မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းမျိုးဆွေက ပြောပါတယ်။

“တိုင်းမှူးဆီလိပ်မှုပြီး ဒီကိစ္စကို တိုင်ကြားခဲ့ပါတယ်။ တိုင်းမှူးကတော့ ဒီကိစ္စအတွက် တာဝန်ရှိတဲ့ သူတွေကို ဖိအားပေးထားပါတယ်လို့ ပြောပေမယ့် ယနေ့အချိန်အထိ တစ်စုံတစ်ရာ စုံစမ်းဆောင်ရွက် ပေးတာတော့ မတွေ့ဘူး။ မတွေ့တဲ့ကြားထဲမှာ ဒီကလေးတွေက အသတ်ခံလိုက်ရတာပါပဲ” ဟု ဦးစိုင်းမျိုးဆွေက ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ကေအိုင်အေဘက်က မိုးညှင်းခရိုင် အတွင်းနဲ့ ဗန်းမောက်မြို့တွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးခြင်း၊ ဆက်ကြေးတောင်းခြင်း စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခုလို ဒေသခံတိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် နှိပ်စက် စော်ကားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအမည်ခံ ကေအိုင်အေရဲ့လုပ်ရပ်တွေကို ကန့်ကွက်ရူတ်ချတယ်လို့လည်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(S.E.A) အပါအဝင် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီနှင့် ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် (SNYO) တို့မှလည်း ယခုလအတွင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသားတစ်ဦးဖြစ်သူ မောင်သန့်ဇင်အောင်ရဲ့ ဖခင်ဖြစ်သူ ဦးအိုက်ဆန်းမှလည်း “မသေရုံတစ်မယ်ပါပဲ။ ကျွန်တော်တို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာ သားလေးက ဆယ်တန်းအောင်ရင် ဘွဲ့ရအောင်လုပ်ပြီး နိုင်ငံခြားထွက် အလုပ်လုပ်မယ် စိတ်ကူးထားတာ အခုတော ကေအိုင်အေဘက်က ရှမ်းနီသင်တန်းဆင်း ဆိုပြီး စွပ်စွဲပြီး ရိုက်နှက်ခေါ်ဆောင်သွားပြီး လက်လွန်သွားပြီ သေသွားပြီ လို့ပြောတယ်။ ကျွန်တော်တို့ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးကို အကြောင်းကြား ထားပေမယ့် အရေးယူဆောင်ရွက်ပေးမှု ဘာမှမရှိခဲ့ဘူး။ ရဲတို့ စစ်တပ်တို့ကလဲ ကေအိုင်အေနဲ့ပတ်သက်ပြီးဘာမှမလုပ်ရဲဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုရရှိနိုင်စေရေး အတွက် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဌာနဆိုင်ရာအသီးသီးကို တိုင်ကြားစာတွေ ပေးပို့ထားတယ်လို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) ကနေ သိရပါတယ်။

သက်နောင်

#PeopleMedia


Share this post