• Follow Us on

Home ကျောက်ဖြူမြို့ဆိပ်ကမ်းတွင်သောင်တင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား (၆) ဦး မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးအပ်

ကျောက်ဖြူမြို့ဆိပ်ကမ်းတွင်သောင်တင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား (၆) ဦး မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးအပ်

Share this post

မန္တလေး၊ မတ် ၁၁

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းတွင် သောင်တင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား (၆) ဦးကို မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB (02) ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက မတ်လ (၉) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

အဆိုပါ ငါးဖမ်းသမားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက်မြို့နယ်မှ ငါးဖမ်းရန် စက်လှေဖြင့် ထွက်ခွာလာ စဉ် ၎င်းတို့ စီးနင်းလာသည့် ငါးဖမ်းစက်လှေမှာ စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ ရေစီးဖြင့် ရခိုင်ပြည်နယ်ထဲသို့ မျော ပါလာကာ သောင်တင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ငါးဖမ်းသမားများအား ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းများ အကောင်အထည်ပေါ်စေရန် သက်ဆိုင် ရာအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက ထုတ် ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………….

 

မန်တလေး၊ မတျ ၁၁

 


 


 


 

#PeopleMedia


Share this post