• Follow Us on

Home ငွေပျော်စံပြကျေးရွာအနီး၌ လူငယ်တစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးနေ

ငွေပျော်စံပြကျေးရွာအနီး၌ လူငယ်တစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးနေ

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ငွေပျော်စံပြကျေးရွာအနီး၌ လူငယ်တစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံး နေသည်ကို တွေ့ရကြောင်း ငွေပျော်စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ မြစ်ကြီးနားမြို့နယ် ပလန ကျေးရွာ နယ်မြေ (၄) ဘက်က လူငယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ငွေပျော်စံပြကျေးရွာအနီးရှိ တောစပ်၌ မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ငွေပျော်စံပြ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးသောင်းဆာက ပြောသည်။

“ဒီနေ့ မနက်က ရွာက ကလေးတွေ ထင်ခွေရှာထွက်ရင်း သူက မူးယစ်ဆေးဝါး ထိုးနေတာ တွေ့တယ်လို့ သိရတယ်၊ နောက်ပြီး မူးယစ်ဆေးဝါးအသိပညာဟောပြောပွဲလုပ်တဲ့အဖွဲ့ SARA က ဒီမှာအပ်တွေ လာ ကောက်ကြတာ အဲ့ဒီအချိန် သူတို့လဲ မှောက်လဲနေတာတွေ့လို့ အဲ့ဒါနဲ့ သူတို့က ကျွန်တော့်ကို ခေါ်တယ် ကျွန်တော်ရောက်တော့ သေနေပြီ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ ရပ်ကျေးတာဝန်ရှိသူတွေ ခေါ်တယ် လှန်ပြီးကြည့်လိုက်တော့ ပလန(၄)က ကောင်လေးဖြစ်နေတာ အသက်ကတော့ ၂၀ ကျော်ဖြစ်မယ်၊ သူ့မိဘတွေ ကိုတော့ အကြောင်းကြားထားပြီး”ဟု ၎င်းက ပြောသည်။

ယခုလိုမျိုး ရွာအနီးမှာ ဆေးသုံးစွဲရင်း သေဆုံးမှုဟာ ပထမဆုံးအကြိမ်ဟု ပြောနိုင်ကြောင်း ဦးသောင်းဆာက ထည့်သွင်း ပြောဆိုသည်။

“မြစ်ကြီးနားနဲ့ဆို ကျွန်တော်တို့ရွာက အစွန်ဆုံးကျတဲ့ ရွာတစ်ရွာဆိုတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေက တကယ့်မြို့အစွန်ဆုံးမှာဘဲ လာသုံးစွဲကြတာလေ ကျွန်တော်တို့လည်း သိရင်တော့ တားဆီးမှုတွေ ပြုလုပ်ပါ တယ် ကျွန်တော်တို့ ငွေပျော်စံပြဘက်မှာ ဆေးသုံးရင်း သေဆုံးတာကတော့ ပထမဆုံးဘဲ”ဟု ဦးသောင်းဆာက ထည့်သွင်း ပြောဆိုသည်။

ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖမ်းဆီးလေ့ရှိရာ ၁၀ ဦးခန့် ဖမ်းဆီးရမိခဲ့သည်။

သတင်း – မင်းမင်း

ဓါတ်ပုံ – U Thaung Sar (FB)

#PeopleMedia #မူးယစ်ဆေး

(unicode)
………………………………………












Share this post