• Follow Us on

Home ဆော်ဒီ ရေနံချက်စက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဆော်ဒီ ရေနံချက်စက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

Share this post

ဆော်ဒီအာရေဗျနိုင်ငံက အစိုးရပိုင်ကုမ္ပဏီ Aramco ရဲ့ ရေနံချက်စက်ရုံနှစ်ရုံဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ပျက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

စက်ရုံနှစ်ရုံလုံးရဲ့ မီးလောင်မှုကို ထိန်းသိမ်းထားနိုင်ပြီဖြစ်တယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။

ယခင်တိုက်ခိုက်မှုတွေအတွက် ယီမင်အခြေစိုက် ဟူတီလက်နက်ကိုင်အဖွဲ့ကို စွပ်စွဲခဲ့ပေမယ့် အခုတိုက်ခိုက်မှုရဲ့နောက်ကွယ်က လုပ်ဆောင်သူကို မီဒီယာတွေက ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Ref;BBC


Share this post