• Follow Us on

Home ေတာင္ကိုရီးယာဆန္႔က်င္စစ္ေရးလႈပ္႐ွားမႈေတြ ကင္ဂ်ံဳအြန္ရပ္ဆိုင္းခိုင္း

ေတာင္ကိုရီးယာဆန္႔က်င္စစ္ေရးလႈပ္႐ွားမႈေတြ ကင္ဂ်ံဳအြန္ရပ္ဆိုင္းခိုင္း

Share this post

ဆိုးလ္၊ ဇြန္ ၂၄

ေတာင္ကိုရီးယားႏိုင္ငံကို ဆန္႔က်င္တဲ့စစ္ေရးလႈပ္႐ွားမႈေတြကို ေျမာက္ကိုရီးယားဘက္က ရပ္ဆိုင္းလိုက္တယ္လို႔ ေျမာက္ ကိုရီးယားအစိုးရပိုင္ KCNA သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ေျမာက္ကိုရီးယားကထြက္ေျပးသြားတဲ့တက္ႂကြလႈပ္႐ွားသူေတြက နယ္စပ္ကေန ေျမာက္ကိုရီး ယားကိုဆန္႔က်င္တဲ့ဝါဒျဖန္႔လက္ကမ္းစာေစာင္ေတြျဖန္႔ခ်ိတဲ့အစီအစဥ္ေတြေၾကာင့္ ေျမာက္ကိုရီးယားဘက္က ေဒါသသံပါတဲ့ အေျပာေတြ ျမင့္တက္ေနတာပါ။

ၿပီးခဲ့တဲ့တစ္ပတ္မွာ ေျမာက္ကိုရီးယားနယ္စပ္မွာ႐ွိတဲ့ေတာင္-ေျမာက္ဆက္ဆံၫွိႏႈိင္းေရး႐ံုးကို ေျမာက္ကိုရီးယားဘက္က ေဖာက္ခြဲခဲ့ၿပီး နယ္စပ္ကိုတပ္ဖြဲ႔ေတြေစလႊတ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။

ဒါေပမဲ့ ေခါင္းေဆာင္ကင္ဂ်ံဳအြန္သဘာပတိလုပ္တဲ့အစည္းအေ၀းတစ္ခုမွာ စစ္ေရးလႈပ္႐ွားမႈေတြရပ္ဆိုင္းဖို႔ ဆံုးျဖတ္ခဲ့တယ္ဆိုၿပီး KCNA ကေဖာ္ျပတာပါ။

လက္႐ွိေရပန္းစားေနတဲ့အေျခအေနလို႔ေျပာတဲ့ကိစၥကို ထည့္သြင္းစဥ္းစားခဲ့ၿပီး ဗဟိုစစ္ေကာ္မ႐ွင္က အခုလိုဆံုးျဖတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္ကမွ ျပန္ဆင္ခဲ့တဲ့အသံခ်ဲ႕စက္ေတြကို ျပန္သိမ္းထားမယ္လို႔လည္း ေျမာက္ကိုရီးယားက ဆံုးျဖတ္ခဲ့တယ္ဆိုၿပီး ေတာင္ကိုရီးယားအေျခစိုက္ယြန္ဟတ္သတင္းေအဂ်င္စီကေျပာပါတယ္။

အဲဒီအသံခ်ဲ႕စက္ေတြဟာ ပံုမွန္အားျဖင့္ နယ္စပ္မွာ ေတာင္ကိုရီးယားဆန္႔က်င္သတင္းစကားေတြဝါဒျဖန္႔ရာမွာ အသံုးျပဳပါတယ္။

အခုအစည္းအေ၀းမွာပဲ ေျမာက္ကိုရီးယားရဲ႕စစ္ပြဲအဟန္႔အတားေတြကို ထပ္တိုးႁမွင့္ဖို႔အစီအမံေတြပါ၀င္တဲ့ စာ႐ြက္စာတမ္းေတြ အေၾကာင္းလည္း ေဆြးေႏြးခဲ့တယ္လို႔ KCNA ကေဖာ္ျပပါတယ္။

Ref : North Korea: Kim Jong-un ‘suspends military action’ against South

#PeopleMedia

(unicode)
တောင်ကိုရီးယာဆန့်ကျင်စစ်ရေးလှုပ်ရှားမှုတွေ ကင်ဂျုံအွန်ရပ်ဆိုင်းခိုင်း
………………………………………………………

ဆိုးလ်၊ ဇွန် ၂၄

တောင်ကိုရီးယားနိုင်ငံကို ဆန့်ကျင်တဲ့စစ်ရေးလှုပ်ရှားမှုတွေကို မြောက်ကိုရီးယားဘက်က ရပ်ဆိုင်းလိုက်တယ်လို့ မြောက် ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကဖော်ပြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားကထွက်ပြေးသွားတဲ့တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကနေ မြောက်ကိုရီး ယားကိုဆန့်ကျင်တဲ့ဝါဒဖြန့်လက်ကမ်းစာစောင်တွေဖြန့်ချိတဲ့အစီအစဉ်တွေကြောင့် မြောက်ကိုရီးယားဘက်က ဒေါသသံပါတဲ့ အပြောတွေ မြင့်တက်နေတာပါ။

ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားနယ်စပ်မှာရှိတဲ့တောင်-မြောက်ဆက်ဆံညှိနှိုင်းရေးရုံးကို မြောက်ကိုရီးယားဘက်က ဖောက်ခွဲခဲ့ပြီး နယ်စပ်ကိုတပ်ဖွဲ့တွေစေလွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ခေါင်းဆောင်ကင်ဂျုံအွန်သဘာပတိလုပ်တဲ့အစည်းအဝေးတစ်ခုမှာ စစ်ရေးလှုပ်ရှားမှုတွေရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး KCNA ကဖော်ပြတာပါ။

လက်ရှိရေပန်းစားနေတဲ့အခြေအနေလို့ပြောတဲ့ကိစ္စကို ထည့်သွင်းစဉ်းစားခဲ့ပြီး ဗဟိုစစ်ကော်မရှင်က အခုလိုဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကမှ ပြန်ဆင်ခဲ့တဲ့အသံချဲ့စက်တွေကို ပြန်သိမ်းထားမယ်လို့လည်း မြောက်ကိုရီးယားက ဆုံးဖြတ်ခဲ့တယ်ဆိုပြီး တောင်ကိုရီးယားအခြေစိုက်ယွန်ဟတ်သတင်းအေဂျင်စီကပြောပါတယ်။

အဲဒီအသံချဲ့စက်တွေဟာ ပုံမှန်အားဖြင့် နယ်စပ်မှာ တောင်ကိုရီးယားဆန့်ကျင်သတင်းစကားတွေဝါဒဖြန့်ရာမှာ အသုံးပြုပါတယ်။

အခုအစည်းအဝေးမှာပဲ မြောက်ကိုရီးယားရဲ့စစ်ပွဲအဟန့်အတားတွေကို ထပ်တိုးမြှင့်ဖို့အစီအမံတွေပါဝင်တဲ့ စာရွက်စာတမ်းတွေ အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ KCNA ကဖော်ပြပါတယ်။

Ref : North Korea: Kim Jong-un ‘suspends military action’ against South

#PeopleMedia


Share this post