• Follow Us on

Home တောင်ကိုရီးယားသမ္မတ အိမ်တော်အနီး Patriot မစ်ဇိုင်းလေကာစနစ် တပ်ဆင်


Share this post





Ref; koreatimes.co

#PeopleMedia

(Unicode)
တောင်ကိုရီးယားသမ္မတ အိမ်တော်အနီး Patriot မစ်ဇိုင်းလေကာစနစ် တပ်ဆင်
………………………………………………………

တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် ဆိုးလ်ရဲ့ အလယ်ပိုင်း သမ္မတအိမ်တော်ရဲ့အနီး ဘူကာတောင်မှာ မြေပြင်က ဝေဟင်ပစ် Patriot မစ်ဇိုင်းလေကာစနစ်ကို တပ်ဆင်ပြီးပြီလို့ အင်္ဂါနေ့မှာ အစိုးရသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

Patriot လေကာစနစ်မှာ PAC-2 မစ်ဇိုင်းပစ်လောင်ချာနဲ့ PAC-3 မစ်ဇိုင်းပစ်လောင်ချာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

အခုလိုလေကာစနစ်ကို တပ်ဆင်တာက မြို့တော်ဆိုးလ်ရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့အတွက် ရည်ရွယ်တယ်လို့ လည်းသိရပါတယ်။

တနင်္လာနေ့က အဆိုပါ လေကာစနစ်ရဲ့ ဓာတ်ပုံတွေကို တောင်ကိုရီးယားသတင်းစာတစ်စောင်က ဖော်ပြခဲ့ပေ မယ့် တောင်ကိုရီးယားစစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ အတည်ပြုဖို့ ငြင်းဆိုခဲ့ထားပါတယ်။

Ref; koreatimes.co

#PeopleMedia


Share this post