• Follow Us on

Home ေတာင္တ႐ုတ္ပင္လယ္တြင္း အေမရိကန္စစ္သေဘၤာမ်ားျဖတ္သန္းမႈ တ႐ုတ္ ေ၀ဖန္

ေတာင္တ႐ုတ္ပင္လယ္တြင္း အေမရိကန္စစ္သေဘၤာမ်ားျဖတ္သန္းမႈ တ႐ုတ္ ေ၀ဖန္

Share this post

အခုသီတင္းပတ္အတြင္း အေမရိကန္စစ္သေဘၤာႏွစ္စင္းဟာ တ႐ုတ္ႏိုင္ငံက ၄င္းတို႔ေရျပင္ပိုင္နက္အျဖစ္ ေၾကညာထားတဲ့ ေတာင္တ႐ုတ္ပင္လယ္ထဲ ျဖတ္သန္းသြားလာခဲ့ပါတယ္။

အခုလို ျဖတ္သန္းသြားလာတဲ့ေနရာဟာ တ႐ုတ္၊ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ မေလးရွား၊ ဘရူႏုိင္းနဲ႔ ထိုင္၀မ္ႏိုင္ငံ တို႔ၾကား ေရျပင္ပိုင္နက္အျငင္းပြားမႈျဖစ္ေပၚေနရာလည္းျဖစ္ပါတယ္။

USS Gabrielle Giffords တိုက္ေရယာဥ္နဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ USS Wayne E.Meyer ပဲ့ထိန္းမစ္ဇိုင္းတပ္ဖ်က္ သေဘၤာနဲ႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ေတြမွာ ေတာင္တ႐ုတ္ပင္လယ္ထဲက တ႐ုတ္ႏုိင္ငံနဲ႔ ေရျပင္ပိုင္နက္အျငင္း ပြားေနရာေတြကို ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ေရတပ္သေဘၤာေတြဟာ အေမရိကန္စစ္သေဘၤာေတြကို လိုက္လံေစာင့္ၾကည့္ခဲ့ၿပီး ထြက္ခြာဖို႔ သတိ ေပးခဲ့ပါတယ္။

ဒါ့အျပင္ အခုလုပ္ရပ္ဟာ အေမရိကန္ႏုိင္ငံရဲ႕ ရန္လိုတဲ့အျပဳအမူျဖစ္တယ္လို႔လည္း တ႐ုတ္က စြပ္စြဲခဲ့ပါတယ္။

Ref;AFP

#PeopleMedia #International

(Unicode)
တောင်တရုတ်ပင်လယ်တွင်း အမေရိကန်စစ်သင်္ဘောများဖြတ်သန်းမှု တရုတ် ဝေဖန်
……………………………………………………………

အခုသီတင်းပတ်အတွင်း အမေရိကန်စစ်သင်္ဘောနှစ်စင်းဟာ တရုတ်နိုင်ငံက ၄င်းတို့ရေပြင်ပိုင်နက်အဖြစ် ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်ထဲ ဖြတ်သန်းသွားလာခဲ့ပါတယ်။

အခုလို ဖြတ်သန်းသွားလာတဲ့နေရာဟာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်နိုင်ငံ တို့ကြား ရေပြင်ပိုင်နက်အငြင်းပွားမှုဖြစ်ပေါ်နေရာလည်းဖြစ်ပါတယ်။

USS Gabrielle Giffords တိုက်ရေယာဉ်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ USS Wayne E.Meyer ပဲ့ထိန်းမစ်ဇိုင်းတပ်ဖျက် သင်္ဘောနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တွေမှာ တောင်တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံနဲ့ ရေပြင်ပိုင်နက်အငြင်း ပွားနေရာတွေကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

တရုတ်ရေတပ်သင်္ဘောတွေဟာ အမေရိကန်စစ်သင်္ဘောတွေကို လိုက်လံစောင့်ကြည့်ခဲ့ပြီး ထွက်ခွာဖို့ သတိ ပေးခဲ့ပါတယ်။

ဒါ့အပြင် အခုလုပ်ရပ်ဟာ အမေရိကန်နိုင်ငံရဲ့ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့လည်း တရုတ်က စွပ်စွဲခဲ့ပါတယ်။

Ref;AFP

#PeopleMedia #International


Share this post