• Follow Us on

Home တောင်အာဖရိကနိုင်ငံရှိ လွှတ်တော်အဆောက်အဦ မီးလောင်မှုဖြစ်ပွား

တောင်အာဖရိကနိုင်ငံရှိ လွှတ်တော်အဆောက်အဦ မီးလောင်မှုဖြစ်ပွား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တော်ရှိ ဥပဒေပြုလွှတ်တော်တွင် ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်း၌  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းမီးလောင်မှုသည် အမျိုးသားလွှတ်တော်(အောက်လွှတ်တော်) အဆောက် အဦသို့ ကူးစက်လောင်ကျွမ်းသွားကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

 

ပါလီမန်လမ်းမပေါ်ရှိ လွှတ်တော်ဝင်းအတွင်း တည်ရှိသော အဆောက်အဦတစ်လုံး၌ မီးညွန့်မီးတောက်များ ထွက်ပေါ်နေသည့် ဖုန်းဆက်သတိပေးမှုကို ကိပ်တောင်းမြို့တော်မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ဇန်နဝါရီ ၂ ရက် နံနက်အစောပိုင်းတွင် လက်ခံရရှိခဲ့သည်ဟု မြို့တော်ဘေးကင်းလုံခြုံရေးကော်မတီအဖွဲ့ဝင် Jean-Pierre Smith က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

 

အခင်းဖြစ်နေရာသို့ အနီးအနားရှိ မီးသတ်ဌာနအသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင် ၃၆ ဦးခန့်ရောက်ရှိနေပြီး မီး ညွန့်ထိန်းချုပ်နိုင်ရန်အတွက် နောက်ထပ်မီးငြှိမ်းသတ်ရေးအရင်းအမြစ်များကို ၎င်းတို့က ထပ်မံတောင်းခံထား ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

 

ကနဦးအစီရင်ခံချက်များအရ မီးလောင်မှုသည် ရုံးခန်းတစ်ခုမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

တောင်အာဖရိကပါလီမန်လွှတ်တော်ဝင်းတွင် ရာစုနှစ်တစ်ခုသက်တမ်းရှိ အဆောက်အဦများ တည်ရှိကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

(Xinhua)

 



Share this post