• Follow Us on

Home နေတိုးအဖွဲ့မှတစ်ဆင့် ယူကရိန်းနိုင်ငံ၏ လက်နက်ဝယ်ယူမှုကို ဂျာမနီနိုင်ငံက ပိတ်ဆို့တားဆီးနေကြောင်း ယူကရိန်းနိုင်ငံက စွပ်စွဲပြောဆို

နေတိုးအဖွဲ့မှတစ်ဆင့် ယူကရိန်းနိုင်ငံ၏ လက်နက်ဝယ်ယူမှုကို ဂျာမနီနိုင်ငံက ပိတ်ဆို့တားဆီးနေကြောင်း ယူကရိန်းနိုင်ငံက စွပ်စွဲပြောဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)

 

အမေရိကန်အစိုးရက ရုရှားကျူးကျော်မှုဖြစ်နိုင်ခြေကို သတိပေးထားသော်လည်း မြောက်အတ္တလန်တိတ်စာ ချုပ်အဖွဲ့ (နေတိုး)မှတစ်ဆင့် ယူရိန်းနိုင်ငံအပေါ် လက်နက်ရောင်းချမှုကို ဂျာမနီနိုင်ငံက ဝင်ရောက်ပိတ်ဆို့နေ ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၁၂ ရက်နေ့က စွပ်စွဲပြောဆိုလိုက်သည်။

 

လွန်ခဲ့သည့်လက နေတိုးအဖွဲ့၏ ပံ့ပိုးကူညီရေးနှင့် ထောက်ပံ့ရေးအစီအစဉ်မှတစ်ဆင့် လေကြောင်းရန်ကာကွယ် ရေးလက်နက်များနှင့် စနိုက်ပါကာကွယ်ရေးလက်နက်များရောင်းချမှုကို ဂျာမနီနိုင်ငံက ဗီတိုအာဏာသုံး၍ ဟန့် တားခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီရက်ဇ်နီကော့ဗ်က (Oleksii Reznikov) က Financial Times နှင့် အင်တာဗျူးတွင် ပြောသည်။

 

“သူတို့က Nord Stream 2 ဂက်စ်ပိုက်လိုင်းကို ဆက်ဆောက်နေတယ်။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံ က စစ်လက်နက်ပစ္စည်းတွေဝယ်ယူတာကိုလည်း ပိတ်ဆို့နေတယ်။ ဒါဟာ တရားမျှတမှုမရှိတဲ့လုပ်ရပ်ပဲဖြစ် တယ်။ ရုရှားဂက်စ်ပိုက်လိုင်းဟာ ဘော်လတစ်ပင်လယ်ကိုဖြတ်ပြီး ဂျာမနီကိုရောက်ရှိသွားတာဖြစ်ပါတယ်။” ဟု အိုလက်ဆီရက်ဇ်နီကော့ဗ်က ပြောသည်။

 

ဂျာမနီ၏ဆောင်ရွက်ချက်ကြောင့် ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်၊ ဗြိတိန်၊ လစ်သူယေးနီးယားနှင့် ပြင်သစ် တို့အပါအဝင် မဟာမိတ်နိုင်ငံများနှင့် နှစ်နိုင်ငံသဘောတူစာချုပ်များချုပ်ဆိုပြီး စစ်လက်နက်ပစ္စည်းများဝယ်ယူ ရန် ကြိုးစားရလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

ရုရှားနိုင်ငံက ခရိုင်းမီးယားကို သိမ်းပိုက်လိုက်ပြီးနောက် ၂၀၁၄ ခုနှစ် မတ်လကတည်းက ရုရှားနိုင်ငံနှင့် နယ်န မိတ်ထိစပ်နေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသမှပဋိပက္ခများက ယူကရိန်းနိုင်ငံအား ဒုက္ခပေးလျက်ရှိသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံတွင်းရှိ ခွဲထွက်ရေးဝါဒီများကို စစ်ရေးအကူအညီများထောက်ပံ့ပေးအပ်နေပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်နေကြောင်း အနောက်နိုင်ငံများက စွပ်စွဲပြောဆိုလျက်ရှိသည်။

 

Ref: Ukraine accuses Germany of blocking its weapons purchases via NATO

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Ukraine accuses Germany of blocking its weapons purchases via NATO

 

#PeopleMedia


Share this post