• Follow Us on

Home နော်ဝေပင်လယ်အတွင်းကျင်းပသည့် စစ်ရေးလေ့ကျင့်မှုတွင် ရန်သူ့ရေငုပ်သင်္ဘောကို ရုရှားရေတပ်က ရှာဖွေ တွေ့ရှှှိ

နော်ဝေပင်လယ်အတွင်းကျင်းပသည့် စစ်ရေးလေ့ကျင့်မှုတွင် ရန်သူ့ရေငုပ်သင်္ဘောကို ရုရှားရေတပ်က ရှာဖွေ တွေ့ရှှှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁ (People Media)

 

ရုရှားမြောက်ပိုင်းရေတပ်တိုက်ခိုက်ရေးအုပ်စုသင်္ဘောအဖွဲ့သည် နော်ဝေပင်လယ်အတွင်း ရေငုပ်သင်္ဘောတိုက် ဖျက်ရေးစစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သင်္ဘောအုပ်စုမှ သတင်းထုတ်ပြန်ရေးအရာရှိက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သော ရေတပ်သင်္ဘောများသည် စစ်လေယာဉ်များမှထောက်ပံ့သော အာရုံခံကိရိ ယာများနှင့် သတင်းအချက်အလက်များကို အသုံးပြု၍ ရန်သူ့ရေငုပ်သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့သည်။

 

“အာတိတ်သမုဒ္ဒရာ ပြည်ပနိုင်ငံများတိုက်ခိုက်ရေးအဖွဲ့နဲ့အတူ ပူးတွဲကျင်းပခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေရဲ့ အ စိတ်အပိုင်းတစ်ရပ်အဖြစ် မြောက်ပိုင်းအုပ်စု တိုက်ခိုက်ရေးသင်္ဘောတွေနဲ့ ထောက်ပို့သင်္ဘောတွေဟာ နော်ဝေ ပင်လယ်ပြင်မှာကျင်းပခဲ့တဲ့ ရန်သူ့ရေသင်္ဘောရှာဖွေရေးလုပ်ငန်းတွေမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ Marshal Ustinov ဒုံးကျည်တပ်ခရူဇာစစ်သင်္ဘောနဲ့ Admiral Kasatonov ဖရီးဂိတ်စစ်သင်္ဘောက ရေတပ်တပ်ဖွဲ့ဝင်တွေ ဟာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တွေအကူအညီနဲ့ ရန်သူ့ရေငုပ်သင်္ဘောတွေကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။” ဟု သတင်းထုတ်ပြန်ရေးအရာရှိက ပြောသည်။

 

Admiral Kasatonov ဖရီးဂိတ်စစ်သင်္ဘောပေါ်မှ ပျံတက်သွားပြီးနောက် အဆင့်မြှင့်တင်ထားသော Ka-27M ရဟတ်ယာဉ်မှ ရဟတ်ယာဉ်မှူးများသည် ရေဒီယိုနည်းပညာပစ္စည်းကိရိယာများ၊ အာရုံခံကိရိယာများကိုအသုံး ပြုပြီး ရန်သူ့ရေငုပ်သင်္ဘောများကို ခြေရာခံနိုင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။

 

၂၀၂၂ ခုနှစ်အတွင်း ရုရှားတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုများကိုဆောင်ရွက်ရာ၌ ရုရှားရေတပ်ဦးစီးချုပ် ရေ တပ်ဗိုလ်ချုပ်ကြီး နီကိုလိုင်ယက်ဗ်မီနော့ဗ်၏ ကွပ်ကွဲမှုအောက်တွင် ရေတပ်တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စု အားလုံး ယခုနှစ် ဇန်နဝါရီ-ဖေဖော်ဝါရီလအတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများကို အစီအစဉ်အလိုက်ကျင်းပ သွားမည်ဖြစ်သည်။

 

ရေတပ်နှင့် လေတပ် ပူးပေါင်းဆောင်ရွက်သည့် စစ်ရေးလေ့ကျင့်မှုများမှာ ကမ္ဘာ့သမုဒ္ဒရာကြီးများတွင်  ရုရှားနိုင် ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်နှင့် ပင်လယ်/ သမုဒ္ဒရာအသီးသီးမှ ပေါ်ထွက်လာမည့် ရုရှားနိုင်ငံ အတွက် ခြိမ်းခြောက်မှုများကို ပြန်လည်တိုက်ခိုက်သွားနိုင်ရန် ရည်ရွယ်ပြီးဆောင်ရွက်သည့် ရေတပ်စစ်ရေး လေ့ ကျင့်မှုများဖြစ်သည်။

 

စစ်ရေးလေ့ကျင့်မှုများတွင် စစ်သင်္ဘောနှင့် ထောက်ပို့သင်္ဘော အစီးရေ ၁၄၀၊ လေယာဉ်/ရဟတ်ယာဉ် အစင်း ၆၀ ကျော်၊ စစ်လက်နက်ပစ္စည်း ၁,၀၀၀ နှင့် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝန်းကျင်ပါဝင်ကြောင်းသိရသည်။

 

Ref: Russian naval ships, pilots hunt down enemy submarine in Norwegian Sea drills

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Russian naval ships, pilots hunt down enemy submarine in Norwegian Sea drills

 

#PeopleMedia


Share this post