• Follow Us on

Home မြိုင်မြို့နယ်၌ သက်တော် ၅၇ နှစ်၊ ဝါတော် ၁၅ ဝါရှိ သီလရှင်တစ်ပါး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရ

မြိုင်မြို့နယ်၌ သက်တော် ၅၇ နှစ်၊ ဝါတော် ၁၅ ဝါရှိ သီလရှင်တစ်ပါး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရ

Share this post

မကွေး၊ ဖေဖော်ဝါရီ ၁ (People Media)

 

ဇန်နဝါရီ ၃၀ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ကျုံးကျေးရွာ၊ ဇောတိကာရုံကျောင်းတိုက် (မြောက်) ကျောင်းဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဆောင်ဘေးရှိ အဖီတဲတွင် နေထိုင်သည့် သီလရှင် တစ်ပါးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြိုင်မြို့နယ်၊ ဝက်ကျုံးကျေးရွာ ဇောတိကာရုံကျောင်း တိုက်(မြောက်) ကျောင်းဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဆောင်ဘေးရှိ အဖီတဲတွင် ဒေါ်နန္ဒသီရိ(ခ)ဒေါ် ထွေးကြည် (၅၇) နှစ် ၁၅ ဝါ တစ်ပါးထဲရှိနေစဉ် Mask များတပ်ဆင်ထားသည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ အုတ်တံတိုင်းအား ကျော်တက်ဝင်ရောက်လာပြီး သီလရှင်ဆရာကြီး အား ပစ္စတိုသေနတ်ဖြင့် ၂ ချက် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ သတ်ဖြတ်မှုကြောင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သီလရှင်မှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ မျက်ခုံးအထက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာရှိ ကုလားထိုင် ဘေးမြေကြီးပေါ် တွင် လဲကျသေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကျည်ခွံနှင့် ၎င်းကျည်ဆံတို့အား တွေ့ရှိခဲ့သည်။

 

#PeopleMedia #မကွေး #သီလရှင် #လုပ်ကြံသတ်ဖြတ်

 

(unicode)


………………………………………………………

 


 


 


 


 



Share this post