• Follow Us on

Home နေပြည်တော်ကျောင်းသားသမဂ္ဂထံ လှူဒါန်ထားသည့်သိန်းရာချီသော အလှူငွေများ အလွဲသုံးစားလုပ်မှုဖြစ်ပွား

နေပြည်တော်ကျောင်းသားသမဂ္ဂထံ လှူဒါန်ထားသည့်သိန်းရာချီသော အလှူငွေများ အလွဲသုံးစားလုပ်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ ဇူလိုင် ၂၆ (People Media)

 

နေပြည်တော်ကျောင်းသားသမဂ္ဂကို အများပြည်သူမှ လှူဒါန်းထားသော သိန်းရာနှင့်ချီသည့် အလှူငွေများကို ၎င်းတို့နှင့်ပတ်သက်သည့် ဖြိုးကိုကိုမှ အလွဲသုံးစားလုပ်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နေပြည်တော်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ထားရာတွင် ဇူလိုင်လ အစပိုင်းတွင် ဖြိုးကိုကို၏ အလှူငွေများအား ကူညီလက်ခံပေးခဲ့သော အစ်မတစ်ယောက်မှ သက်သေများနှင့်တကွ လာ ရောက်အသိပေးမှုကြောင့် စတင်သိရှိခဲ့ကြောင်း ထိုမှတစ်ဆင့် အလှူရှင်များနှင့် လိုက်လံချိတ်ဆက်၍ စုံစမ်းခဲ့ရာ ဖြိုးကိုကိုအနေဖြင့် ပြည်သူများထံမှ အလှူငွေ သိန်းတစ်ရာ့ငါးဆယ်ခန့် လက်ခံရရှိခဲ့ကြောင်း မိမိတို့ သိရသော အလှူငွေများပင် ထိုမျှရှိ၍ မသိရသေးသော အလှူငွေများစွာ ကျန်ရှိနေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အလှူရှင်ငွေများ မိမိတို့ နေပြည်တော်ကျောင်းသားများသမဂ္ဂအား လှူဒါန်းသည်ဖြစ်ပါသော်လည်း ထိုအလှူ ငွေများသည် မိမိတို့ထံသို့ ရောက်ရှိခဲ့ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ စုံစမ်းခဲ့ရာ ဖြိုးကိုကိုအနေဖြင့် online လောင်း ကစားဂိမ်းတွင် ၃၅ သိန်းတိတိ၊ ယိုးဒယားဆိုင်ကယ် honda click တစ်စီး အသစ်စက်စက်ဝယ်ယူထားကာ တော်လှန်ရေးအတွက် ဟန်ပြမျှသာ သုံးစွဲသည်။

 

ယင်းနောက် CDM များအား ထောက်ပံ့ကူညီရန်ဆိုသောအကြောင်းပြချက်ဖြင့် ဆန်အိတ်၊ ဆီပုံးများဝယ်ကာ အိမ်တွင်ထားစေပြီး အကြိမ်ကြိမ်အခါခါ အလှူခံခဲ့သော်လည်း ထိုပုံများကိုသာ ထပ်ခါထပ်ခါ အသုံးပြု၍ အလှူရှင်များအား လိမ်လည်ပြသခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်၍ မြို့အသီးသီးရှိ မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများ ညီနောင်ကျောင်းသားသမဂ္ဂများအား အဆိုပါ ဖြစ်စဉ်အသေးစိတ်ကို အသိပေးကာ သစ္စာဖောက် ဖြိုးကိုကိုအား နာမည်ပျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း နေပြည်တော်ကျောင်းသားများသမဂ္ဂက ကြေညာထားသည်။

 

Photo – နေပြည်တော်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ထားသောဓါတ်ပုံများ ဖြစ်သည်။

 

#PeopleMedia #နေပြည်တော်ကျောင်းသားသမဂ္ဂ

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 



Share this post