• Follow Us on

Home ပေါက်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ

ပေါက်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ

Share this post

မကွေး၊ ဒီဇင်ဘာ ၁၅ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် နေအိမ်ရှေ့ရှိနေစဉ် လုပ်ကြံသတ်ဖြတ် ခြင်းခံရကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ပေါက်မြို့နယ်၊ စသိန်းရွာနေထိုင်သူ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးတင်အောင်မိုးသည် နေအိမ်ရှေ့တွင် ရပ်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက လာရောက်လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့က နေအိမ်မှာ အသတ်ခံရတယ်လို့တော့ ကြားရပါတယ်။ ဘာကြောင့် လုပ်ကြံခံရတယ်ဆိုတာကတော့ မသိရပါဘူး” ဒေသခံတစ်ဦးက ပြောဆိုသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ် လျက်ရှိသည်။

 

#PeopleMedia #ပေါက်မြို့နယ် #USDP

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post