• Follow Us on

Home ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလက်နက်များတပ်ဆင်ထားသည့် အဆင့်မြှင့်တင်ထားသော ဖျက်သင်္ဘောတစ်စင်း တောင်ကိုရီးယားရေတပ် လက်ခံရရှိ

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလက်နက်များတပ်ဆင်ထားသည့် အဆင့်မြှင့်တင်ထားသော ဖျက်သင်္ဘောတစ်စင်း တောင်ကိုရီးယားရေတပ် လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် အခြားလက်နက်များ မြှင့်တင်တပ်ဆင်ရန် ရည်ရွယ်ပြီး တစ်နှစ်ကျော်ကြာ ပြင် ဆင်မွမ်းမံမှုများပြုလုပ်ပြီးနောက် အဆင့်မြှှုင့်တင်ထားသော ဖျက်သင်္ဘောတစ်စီးကို အောက်တိုဘာလ ၂၂ ရက် နေ့တွင် တောင်ကိုရီးယားရေတပ်က လက်ခံရရှိခဲ့ကြောင်း အစိုးရလက်နက်ဝယ်ယူရေးအေဂျင်စီက ပြောကြား လိုက်သည်။

 

မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောအခြေပြုပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော တင်းမာမှုအသစ်များကြား တောင်ကိုရီးယားနိုင်ငံက ၎င်းတို့ရေတပ်ကိုမြှင့်တင် ရန် နည်းလမ်းမျာရှာဖွေလျက်ရှိရာ တန် ၃,၂၀၀ ရှိ Gwanggaeto ဖျက်သင်္ဘောကို တောင်ကိုရီးယားရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးပစ္စည်းစုဆောင်းမှုစီမံကိန်းအဖွဲ့က ပြောသည်။

 

အဆိုပါဖျက်သင်္ဘောကိုအဆင့်မြှင့်တင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက သင်္ဘောကျင်းသို့ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ယင်းဖျက်သင်္ဘောတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလက်နက်စွမ်းရည်ကို မြှင့်တင် ရန်အတွက် towed array sonar system အသစ်တစ်ခုတပ်ဆင်ထားသည်။

 

အဆင့်မြှင့်တင်ထားသောဖျက်သင်္ဘောတွင် ပြုပြင်ထိန်းသိမ်းရာတွင် အချိန်ကုန်သက်သာစေရန်နှင့် ဆက်စပ် ကုန်ကျစရိတ်များကာမိစေရန်အတွက် ပြည်တွင်းဖြစ်နည်းပညာများကိုအသုံးပြုထုတ်လုပ်ထားသည့် တိုက်ခိုက် ရေးစနစ်ကိုလည်း တပ်ဆင်ထားကြောင်းသိရသည်။

 

အောက်တိုဘာလ ၁၉ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ ဆင်ပိုဆပ်ကမ်းမြို့မှနေ၍ ရေငုပ်သင်္ဘောအခြေပြု ပဲ့ ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့သည်။ ယင်းဒုံးကျည်ပစ်လွှတ်မှုမှာ ယခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ပစ်လွှတ် မှုဖြစ်ကြောင်းသိရသည်။

 

Ref: Navy gets upgraded destroyer with stronger anti-sub capabilities

 

#PeopleMedia

 

(unicode)


……………………………………………………………………………..

 


 


 


 


 


 


 

Ref: Navy gets upgraded destroyer with stronger anti-sub capabilities

 

#PeopleMedia


Share this post