• Follow Us on

Home ရေဦးမြို့နယ်၌ တာဝန်မှ နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို လူတစ်စုမှ နေအိမ်ထဲ ဝင်ရောက်၍ လုပ်ကြံခဲ့ရာ အုပ်ချုပ်ရေးမှူးဟောင်း သေဆုံး

ရေဦးမြို့နယ်၌ တာဝန်မှ နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို လူတစ်စုမှ နေအိမ်ထဲ ဝင်ရောက်၍ လုပ်ကြံခဲ့ရာ အုပ်ချုပ်ရေးမှူးဟောင်း သေဆုံး

Share this post

မုံရွာ၊ စက်တင်ဘာ ၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာအုပ်စု၊ အင်းတိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ထားသူ ဦးသောင်းဦးသည် စက်တင်ဘာ (၅) ရက်နေ့ ညနေ (၆) နာရီအချိန်၌ ဓါးဖြင့် ဝိုင်းဝန်လုပ် ကြံခံရ၍ သေဆုံးသွားခဲ့သည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ (၅) ရက်နေ့ ညနေ (၆) နာရီအချိန်၌ ဦးသောင်းဦးသည် နေအိမ်၌ ရှိနေစဉ် လူတစ်စု သည် ၎င်း၏ နေအိမ်ကို ရောက်ရှိလာပြီး ဓါးဖြင့် ဝိုင်ခုတ်ရာ ဓါးချက်ဖြင့် ဦးသောင်းဦးသည် ကွယ်လွန်သွားခဲ့ပါ တယ်။

 

ဦးသောင်းဦးသည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး အုပ်ချုပ်ရေးမှူးတာဝန်မှ သြဂုတ်လ (၁၀) ရက်နေ့၌ နုတ်ထွက်ထားသူ ဖြစ်ပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များသည် သတ်ဖြတ်လုပ်ကြံခြင်းခံရလျက်ရှိနေပါတယ်။

 

#PeopleMedia #ရေဦးမြို့

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post