• Follow Us on

Home မြောက်ကိုရီးယားနိုင်ငံက အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချ

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀ (People Media)

 

မြောက်ကိုရီးယားနိုင်ငံက ယခုအပတ်အတွင်း စတင်သည့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု များကို ရှုတ်ချခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားနိုင်ငံအတွက် စစ်လက်နက်များ ပိုမိုထုတ်လုပ်ရန် လိုအပ်လာမှုကို ပြသနေသည်ဟု ပြောကြားလိုက်သည်။

 

နှစ်စဉ်ပြုလုပ်နေကျ နွေရာသီစစ်ရေးလေ့ကျင့်မှုများမတိုင်မီ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ယနေ့ အကြိုလေ့ကျင့်မှု စတင်လိုက်သည်။

 

ကွန်ပြူတာထိန်းချုပ် စစ်ရေးလေ့ကျင့်မှုကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြု လုပ်ရန် စိတ်ဝင်စားသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ၏ ကန့်ကွက်မှုကြောင့် တပ်ဖွဲ့ဝင်အရေအတွက် လျှော့၍ပြုလုပ်ခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်တိုက်ခိုက်မည့် အပြုအမူတစ်ခုအဖြစ် ရှုမြင်ကြောင်း ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က ပြောကြားခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုက ကိုရီးယားကျွန်းဆယ်၏ မတည်ငြိမ်သောအခြေအနေကို ပို၍ဆိုးရွားစေသည်ဟု ကင်ယို ဂျောင်က ပြောကြားကြောင်း နိုင်ငံပိုင်ကိုရီးယားဗဟိုသတင်းဌာနက ဖော်ပြခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ အင်အားကြီးမားသော စစ်ရေးခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန် မြောက်ကိုရီးယား နိုင်ငံက နိုင်ငံ့ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးစွမ်းပကားများကို တိုးမြှင့်သွားမည်ဟု ၎င်းက ပြောသည်။

 

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အမြဲ ဆိုသလို စောဒကတက်လေ့ရှိပြီး ကျူးကျော်တိုက်ခိုက်မည့် အစမ်းလေ့ကျင့်မှုများအဖြစ် ရှုမြင်သည်။

 

Ref; N. Korea Slams US-South Korea Drills, Promises Own Weapons Buildup

 

#PeopleMedia #EPN #international #မြောက်ကိုးရီးယား

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref; N. Korea Slams US-South Korea Drills, Promises Own Weapons Buildup

 



Share this post