• Follow Us on

Home မြောက်ကိုရီးယား နျူကလီးယားဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်နေဖွယ်ရှိ

မြောက်ကိုရီးယား နျူကလီးယားဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်နေဖွယ်ရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀ (People Media)

 

မြောက်ကိုရီးယားနိုင်ငံသည် လက်နက်များထုတ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ ပင်မနျူကလီးယားဓာတ် ပေါင်းဖိုအား ပြန်လည်လည်ပတ်နေပြီဟုယူဆရကြောင်း အမေရိကန်အနုမြူအေဂျင်စီကပြောကြားလိုက်သည်။

 

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြောက်ဘက် ယောင်ဗြွန်း နျူကလီးယားသိပ္ပံနှင့် လက်နက်များသုတေသနဌာန ၏ ၅ မီဂါဝပ်နျူကလီးယားဓာတ်ပေါင်းဖိုမှ ပြန်လည်လည်ပတ်လျက်ရှိကြောင်း နိုင်ငံတကာအနုမြူစွမ်းအင် အေ ဂျင်စီ၏ နှစ်ပတ်လည်အစီရင်ခံစာတွင်ဖော်ပြထားသည်။ နျူကလီးယားလက်နက်ထုတ်လုပ်ရာတွင် အသုံးပြု သည့် အဓိကနှစ်မျိုးဖြစ်သော သန့်စင်ပြီးယူရေနီယမ်နှင့် ပလူတိုနီယမ်တို့အနက် အဆိုပါစက်ရုံမှ ပလူတိုနီယမ် များထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

 

ယောင်ဗြွန်း နျူကလီးယားသိပ္ပံနှင့် လက်နက်များသုတေသနဌာန၏ ရေဒီယိုဓာတုဗေဒဓာတ်ခွဲခန်းမှာ ယခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းလောက်မှစ၍ ဇူလိုင်လအစောပိုင်းအထိ လည်ပတ်နေသည့်အရိပ်လက္ခဏာများမြင် တွေ့ခဲ့ရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ အဆိုပါဓာတ်ပေါင်းဖိုပြန်လည်လည်ပတ်သည့်အချိန်ကာ လသည် မြောက်ကိုရီးယားအစိုးရက ၎င်း၏ဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်မည်ဟု ကြေညာထားသည့်အချိန် နှင့် ကိုက်ညီလျက်ရှိကြောင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

 

“မြောက်ကိုရီးယားရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုလည်ပတ်တာဟာ တကယ့်ကိုစိုးရိမ်စရာကိစ္စဖြစ်ပါတယ်။ ဒီ့ ထက်ပြောရရင် ၅ မီဂါဝပ်နျူကလီးယားဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်လှုပ်ရှားလာတဲ့ အရိပ်လက္ခဏာတွေနဲ့ ရေဒီယိုဓာတုဗေဒဓာတ်ခွဲခန်း ပြန်လည်လှုပ်ရှားလာတဲ့ အရိပ်လက္ခဏာတွေဟာ တကယ့်ဒုက္ခတွင်းကြီးပါပဲ။” ဟု နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ IAEA ကပြောသည်။

 

၂၀၀၉ ခုနှစ်တွင် IAEA အဖွဲ့ကိုနိုင်ငံတွင်းမှမောင်းထုတ်လိုက်ပြီးသည့်အချိန်မှစ၍ IAEA အဖွဲ့သည် မြောက်ကိုရီး ယားရှိယောင်ဗြွန်းနျူကလီးယားသိပ္ပံနှင့်လက်နက်များသုတေသနဌာနနှင့်အခြားနေရာများကို ဆန်းစစ် လေ့လာ အကဲဖြတ်ခြင်းမပြုလုပ်ခဲ့ရတော့ပေ။ မြောက်ကိုရီးယားနျူးကလီးယားအစီအစဉ်အား စောင့်ကြည့်အကဲဖြတ်ရန် ဂြိုဟ်တုဓာတ်ပုံများနှင့် တရားဝင်သတင်းအချက်အလက်များကို အသုံးပြုခဲ့ရကြောင်း IAEA အဖွဲ့ကပြောသည်။

 

ယောင်ဗြွန်းနျူကလီးယားသိပ္ပံနှင့်လက်နက်များသုတေသနဌာနသည် ပလူတိုနီယမ်သာမက အဆင့်မြင့်သန့်စင် ထားသည့် ယူရေနီယမ်များကိုလည်းထုတ်လုပ်ကြောင်း သိရသည်။ သို့သော် ပလူတိုနီယမ်နှင့် အဆင့်မြင့်သန့် စင်ပြီး ယူရေနီယမ် လက်နက်အဆင့်မည်မျှရောက်ရှိနေပြီး မည်သည့်နေရာများတွင် သိုလှောင်သိမ်းဆည်းထား သည်ကိုမူ ရှင်းလင်းစွာမသိရကြောင်း IAEA အဖွဲ့က ပြောသည်။

 

၂၀၁၉ ခုနှစ်အစောပိုင်းကာလ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက်က ဆွေးနွေးပွဲတစ်ခုတွင် မြောက် ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးပါက ၎င်း၏နျူကလီးယားဓာတ်ပေါင်း ဖိုအား တဖြည်းဖြည်းရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် ယင်းကမ်းလှမ်းမှုမှာ မြောက် ကိုရီးယား၏နျူကလီးယားအစီအစဉ်ကို တစ်စိတ်တစ်ပိုင်းသာလျှော့ပေးခြင်းဖြစ်၍ ကမ်းလှမ်းမှုကို အမေရိကန် က ပယ်ချခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် အခြားယူရေနီယမ်သန့်စင်စက်ရုံအများအပြားကိုလည်း လည်ပတ်လျက်ရှိကြောင်း ယူဆထားကြသည်။ ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၏ခန့်မှန်းတွက်ချက်မှုအရ မြောက်ကိုရီးယားနိုင်ငံအ နေဖြင့် နျူကလီးယားလက်နက် ၂၀ မှ ၆၀ အထိ ပိုင်ဆိုင်ထားပြီးဖြစ်နိုင်ကြောင်းသိရသည်။

 

အမေရိကန်နိုင်ငံက ၎င်းတို့၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းခြင်းမပြုပါက မြောက်ကိုရီး ယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်များကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လတ်တလော ကာလတွင် မြောက်ကိုရီးယားနိုင်ငံက သတိပေးကြေညာခဲ့သည်။ အမေရိကန်၏ ခြိမ်းခြောက်မှုများကို ကိုင် တွယ်ဖြေရှင်းနိုင်ရန် ကန့်သတ်မှုမရှိသည့်ကာကွယ်ရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျောင်းက ယခုလအစောပိုင်းကပြောသည်။

 

Ref: IAEA: N Korea appears to have resumed nuke reactor operation

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: IAEA: N Korea appears to have resumed nuke reactor operation

 

#PeopleMedia


Share this post