• Follow Us on

Home နွေဦးထီ ယနေ့ညနေ ၄ နာရီ ပြန်လည်ရောင်းချမည်

နွေဦးထီ ယနေ့ညနေ ၄ နာရီ ပြန်လည်ရောင်းချမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

အောင်လံလွှင့်ချီနွေဦးထီ Pilot Project Phase-2 ကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ပြန်လည်ရောင်းချ ပေးတော့မယ်လို့ နွေဦးထီလူမှုကွန်ယက်စာမျက်နှာမှ ယနေ့ ကြေညာလိုက်ပါတယ်။

 

စမ်းသပ်အရောင်းကာလ pilot project (phase-1+phase-2) မှ ကံထူးရှင်များကိုလဲ စက်တင်ဘာ တတိယပတ်အတွင်း အကြောင်းကြားပေးသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

 

အောင်လံလွှင့်ချီနွေဦးထီ Pilot Project ပထမအဆင့်အား ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင် ရောင်းချပြီး၊ သြဂုတ်လ ၂၀ ရက်နေ့တွင် နည်းပညာပိုင်းအားနည်းချက်များ အဆင့်မြှင့်တင်ရန်လိုအပ်ခြင်း တို့ကြောင့်ဟူ၍ ထီရောင်းချခြင်းလုပ်ငန်းစဉ်အား ခေတ္တရပ်နားခဲ့ရာ ယနေ့ ပြန်လည်ရောင်းချတော့မှာ ဖြစ်ပါတယ်။

 

ထီထိုးမည့်သူများအနေဖြင့် ထီဝယ်ယူခြင်းလုပ်ငန်းစဉ် မြန်ဆန်ချောမွေ့စေရန် မိမိတို့အမှန်တကယ် အသုံးပြုလိုသည့် Signal သို့မဟုတ် Telegram ဖုန်းနံပါတ်တစ်ခုအား ကြိုတင်ဖန်တီးထားကြရန်လည်း တိုက်တွန်းထားပါတယ်။

 

#PeopleMedia #နွေဦးထီ

 

(unicode)


……………………………………………..

 


 


 


 


 


 



Share this post