• Follow Us on

Home ပြင်သစ်ဒေါသထွက်နေသည့်ကြားမှ ဗြိတိန်က အကျိုးစီးပွားကို ပြတ်ပြတ်သားသားဆောင်ရွက်မည်ဟု တုံ့ပြန်

ပြင်သစ်ဒေါသထွက်နေသည့်ကြားမှ ဗြိတိန်က အကျိုးစီးပွားကို ပြတ်ပြတ်သားသားဆောင်ရွက်မည်ဟု တုံ့ပြန်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀ (People Media)

 

သုံးပွင့်ဆိုင်မဟာမိတ်နှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံထံမှ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများရှိသော်လည်း မိမိတို့ အ ကျိုးစီးပွားကို ကာကွယ်ရာတွင် ပြတ်ပြတ်သားသားဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်းပြောဆိုရင်း သြစ တေးလျ၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ပြောဆိုလိုက်သည်။

 

အမေရိကန်နိုင်ငံက နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သဖြင့် သြ စတေးလျနိုင်ငံက ပြင်သစ်နိုင်ငံနှင့်ချုပ်ဆိုထားသော သမရိုးကျရေငုပ်သင်္ဘောများဝယ်ယူရေးစာချုပ်ကို ဖျက် သိမ်းလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်သစ်အစိုးရက ဒေါသထွက်ပြီး သြစတေးလျနိုင်ငံကင်ဘာရာမြို့ တော်နှင့် အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ရှိ သံအမတ်များအား ပြန်လည်ခေါ်ယူခဲ့သည်။

 

“အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ကျွန်မတို့ရဲ့သံန္နိဋ္ဌာန်ပြတ်သားမှုကို ချပြလိုက် တာပါပဲ။ ဥရောပသမဂ္ဂကနေထွက်လာပြီးနောက်ပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာဗြိတိန်နိုင်ငံအဖြစ်ထူထောင်ဖို့ ဗြိတိန် အစိုးရရဲ့ရည်မှန်းချက်ကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။ ကျွန်မတို့ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးစာချုပ်အ သစ်ဟာ ပြည်တွင်းလုံခြုံရေးတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကျွမ်းကျင်မှုအရည်အချင်းမြင့်မားလှတဲ့ အ လုပ်အကိုင်သစ်တွေကိုလည်း ဖန်တီးဖော်ထုတ်လိုက်တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကို စီးပွားရေး၊ သံတမန်ရေး၊ လုံခြုံရေးဆိုင်ရာမိတ်ဖက်နိုင်ငံတွေ စတဲ့အရေးအရာတွေရဲ့ ဗဟိုချက်မမှာထားလိုက်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ တန်ဖိုးတွေအပေါ်မှာရပ်တည်ရင်း ကျွန်မတို့နိုင်ငံကို ပိုမိုလုံခြုံအောင်၊ ပိုပြီးအရည်အချင်းပြည့်ဝလာအောင် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်က သြဂုတ်လ ၁၉ ရက်နေ့ က ပြောသည်။

 

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ “ကမ္ဘာလုံးဆိုင်ရာ ဗြိတိန်နိုင်ငံထူထောင်ရန် ရည်မှန်းချက်” အား ဗုဒ္ဓဟူး နေ့က နိုင်ငံခြားရေးဝန်ကြီးလစ်ဇ်ထရက်စ်က မြှင့်တင်ပြောဆိုလိုက်သည်။

 

သို့သော် သြစတေးလျနိုင်ငံက ရေငုပ်သင်္ဘောဝယ်ယူရေးဖျက်သိမ်းလိုက်ခြင်းမှာ မဟာမိတ်နိုင်ငံများကြားတွင် အလွန်ကြီးမားသောပြဿနာတစ်ရပ်ဖြစ်ကြောင်းပြောဆိုရင်း ယင်းပြဿနာနှင့်ပတ်သက်၍ သြစတေးလျနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အား သြစတေးလျနိုင်ငံ ပြင်သစ်နှင့် စာချုပ်ပျက်ပြားသွားသည်ကို စောင့်နေသည့်နိုင်ငံ များဟု စွပ်စွဲပြောဆိုလိုက်သည်။ ထို့အပြင်  ဗြိတိန်နိုင်ငံသည် စာချုပ်နှင့်မပတ်သက်သောနိုင်ငံဖြစ်ကြောင်း ပြင် သစ်နိုင်ငံခြားရေးဝန် ကြီးက သြဂုတ်လ ၁၉ ရက်နေ့ကပြောသည်။

 

ပြင်သစ်အစိုးရအနေဖြင့် ပြဿနာများပြေလည်သွားစေရန် ပြင်ဆင်ထားခြင်းမရှိကြောင်း သြစတေးလျ၊ အမေရိ ကန်နှင့် ဗြိတိန်နိုင်ငံတို့ကို သံတမန်မဆန်သည့်စကားလုံးများ သုံးနှုန်း၍ ပြင်သစ်နိုင်ငံခြားရေးဝန် ကြီးယာအိလို သဂီယန်က ပြင်သစ် အမှတ် ၂ ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။ “ဒါဟာ လိမ်လည်မှု၊ တမင်လိမ်လည်လှည့် စားမှု၊ ယုံကြည်မှုကို ချိုးဖောက်မှု၊ ပမာမခန့်လုပ်မှုသာဖြစ်ပါတယ်။ ဒါမျိုးလုပ်လို့မရပါဘူး။” ဟု ၎င်းကပြောသည်။

 

Ref: Amid French fury, UK defends ‘hard-headed’ security deal

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 

Ref: Amid French fury, UK defends ‘hard-headed’ security deal

 

#PeopleMedia


Share this post