• Follow Us on

Home ျပည္ခုိင္ၿဖိဳးအစုိးရလက္ထက္၌ အခ်ဳိ႕ ခုိးယူတာရွိေသာ္လည္း လက္ရွိပါတီဥကၠ႒ ဦးသန္းေဌးဦးေဆာင္ေနေသာ ျပည္ခုိင္ၿဖိဳးပါတီမွာ သူခုိးေတြ မရွိေၾကာင္း ေဒါက္တာနႏၵာလွျမင့္ ေျပာဆုိ

ျပည္ခုိင္ၿဖိဳးအစုိးရလက္ထက္၌ အခ်ဳိ႕ ခုိးယူတာရွိေသာ္လည္း လက္ရွိပါတီဥကၠ႒ ဦးသန္းေဌးဦးေဆာင္ေနေသာ ျပည္ခုိင္ၿဖိဳးပါတီမွာ သူခုိးေတြ မရွိေၾကာင္း ေဒါက္တာနႏၵာလွျမင့္ ေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂၅

ျပည္ခုိင္ၿဖိဳးအစုိးရလက္ထက္၌ အခ်ဳိ႕ ခုိးယူတာရွိေသာ္လည္း လက္ရွိပါတီဥကၠ႒ ဦးသန္းေဌးဦးေဆာင္ေနေသာ ျပည္ခုိင္ၿဖိဳးပါတီမွာ သူခုိးေတြ မရွိေၾကာင္း ပါတီေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ ေျပာဆုိလုိက္သည္။

ျပည္ခုိင္ၿဖိဳးပါတီျပည္ခိုင္ၿဖိဳးပါတီ ဗဟိုလူငယ္ေရးရာေကာ္မတီ၀င္မ်ားႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ပါတီလူငယ္မ်ားႏွင့္ ေတြ႕ဆုံပြဲ၌ အထက္ပါအတုိင္းေျပာဆုိခဲ့ျခင္းျဖစ္သည္။

“ဒီကေန႔ ကြၽန္ေတာ္တို႔ပါတီသူခိုးပါတီလို႔ စြပ္စြဲခံရတယ္။ အေၾကာင္းမဲ့သက္သက္ေတာ့မဟုတ္ဘူး။ ခိုးခဲ့တဲ့ သူေတြရွိလို႔ စြပ္စြဲခံရတာ။ သို႔ေသာ္ အဲဒီခိုးခဲ့တဲ့သူအနည္းစုေၾကာင့္ ကြၽန္ေတာ္တို႔က သူခိုးပါတီလို႔ စြပ္စြဲခံရတာ၊ ဒီကေန႔ေရာ အာဏာရလာတဲ့အခ်ိန္မွာ ေဖာက္ဖ်က္တဲ့သူေတြမရွိဘူးလား။ ရွိတာပဲ။ အခု တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ အခ်ဳပ္ထဲေရာက္ေနတာ မဟုတ္ဘူးလား။ လူနဲ႔ပဲဆိုင္တယ္။ ဒီကေန႔ ပါတီဥကၠ႒ႀကီး ဦးသန္းေဌးဦးေဆာင္ေနတဲ့ ပါတီမွာ သူခိုးေတြမရွိဘူး။ အႏုိင္ရလို႔ အစိုးရဖြဲ႕ခဲ့ရင္လည္း ခိုးရင္ ျပတ္ျပတ္သား သားအေရးယူမယ္။ လုံးဝလက္မခံဘူး။ ကြၽန္ေတာ္တို႔ မခိုးဘူးဆိုတာ ရဲရဲဝံ့ဝံ့ေျပာပါမယ္”လို႔ ေဒါက္တာ နႏၵာလွျမင့္က ေျပာသည္။

အလားတူ လာမယ့္ေ႐ြးေကာက္ပြဲ၌ ျပည္ခုိင္ၿဖိဳးပါတီ အႏုိင္ရ၍ အစိုးရဖြဲ႕ပါက ခိုးတဲ့သူေတြကို ျပတ္ျပတ္သား သား အေရးယူသြားမွာျဖစ္ၿပီး လုံးဝလက္ခံမွာ မဟုတ္ေၾကာင္း ၎ကဆုိသည္။
ျပည္ခိုင္ၿဖိဳးအစိုးရတုန္းကလည္း လူႀကီးအခ်ိဳ႕က အမွားမ်ားရွိခဲ့ၿပီး လက္ရွိအစိုးရမွာလည္း အမွားေတြရွိေန ေၾကာင္း ေဒါက္တာနႏၵာလွျမင့္က ဆုိသည္။

(unicode)
ပြည်ခိုင်ဖြိုးအစိုးရလက်ထက်၌ အချို့ ခိုးယူတာရှိသော်လည်း လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်နေသော ပြည်ခိုင်ဖြိုးပါတီမှာ သူခိုးတွေ မရှိကြောင်း ဒေါက်တာနန္ဒာလှမြင့် ပြောဆို
………………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၂၅

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်၌ အချို့ ခိုးယူတာရှိသော်လည်း လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်နေသော ပြည်ခိုင်ဖြိုးပါတီမှာ သူခိုးတွေ မရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြောဆိုလိုက်သည်။

ပြည်ခိုင်ဖြိုးပါတီပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ရေးရာကော်မတီဝင်များနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပါတီလူငယ်များနှင့် တွေ့ဆုံပွဲ၌ အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ ကျွန်တော်တို့ပါတီသူခိုးပါတီလို့ စွပ်စွဲခံရတယ်။ အကြောင်းမဲ့သက်သက်တော့မဟုတ်ဘူး။ ခိုးခဲ့တဲ့ သူတွေရှိလို့ စွပ်စွဲခံရတာ။ သို့သော် အဲဒီခိုးခဲ့တဲ့သူအနည်းစုကြောင့် ကျွန်တော်တို့က သူခိုးပါတီလို့ စွပ်စွဲခံရတာ၊ ဒီကနေ့ရော အာဏာရလာတဲ့အချိန်မှာ ဖောက်ဖျက်တဲ့သူတွေမရှိဘူးလား။ ရှိတာပဲ။ အခု တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် အချုပ်ထဲရောက်နေတာ မဟုတ်ဘူးလား။ လူနဲ့ပဲဆိုင်တယ်။ ဒီကနေ့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးဦးဆောင်နေတဲ့ ပါတီမှာ သူခိုးတွေမရှိဘူး။ အနိုင်ရလို့ အစိုးရဖွဲ့ခဲ့ရင်လည်း ခိုးရင် ပြတ်ပြတ်သား သားအရေးယူမယ်။ လုံးဝလက်မခံဘူး။ ကျွန်တော်တို့ မခိုးဘူးဆိုတာ ရဲရဲဝံ့ဝံ့ပြောပါမယ်”လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

အလားတူ လာမယ့်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ၍ အစိုးရဖွဲ့ပါက ခိုးတဲ့သူတွေကို ပြတ်ပြတ်သား သား အရေးယူသွားမှာဖြစ်ပြီး လုံးဝလက်ခံမှာ မဟုတ်ကြောင်း ၎င်းကဆိုသည်။
ပြည်ခိုင်ဖြိုးအစိုးရတုန်းကလည်း လူကြီးအချို့က အမှားများရှိခဲ့ပြီး လက်ရှိအစိုးရမှာလည်း အမှားတွေရှိနေ ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။


Share this post